Thursday, February 13, 2020

အကယ်ဒမီဆိုတာ ကုသိုလ်ကံနဲ့လည်းဆိုင်တယ်ဆိုတဲ့ ခန့်စည်သူ

Image may contain: 1 person, sky, mountain, outdoor and nature
အကယ်ဒမီဆိုတာ ကုသိုလ်ကံနဲ့လည်းဆိုင်တယ်လို့ အကယ်ဒမီခန့်စည်သူက ပြောလိုက်ပါတယ်။ ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ကတော်ဝင်ဂါးဒင်းဟိုတယ်မှာ ဖေဖော်ဝါရီလ ၈ ရက်ကကျင်းပခဲ့တဲ့ “ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲအကြိုပြသပွဲမှာ အခုလိုပြောပြခဲ့တာပါ။

“ အကယ်ဒမီဆိုတာကကုသိုလ်ကံနဲ့လည်းဆိုင်ပါတယ်။ အကယ်ဒမီရတဲ့သူတွေကအရမ်းတော်တဲ့ သူတွေဖြစ်သလို အကယ်ဒမီမရတဲ့သူတွေကလည်းညံ့လို့မဟုတ်ပါဘူး။ ထူးထူးချွန်ချွန်သရုပ်ဆောင်ပြီး အကယ်ဒမီနဲ့လွဲခဲ့တဲ့အနုပညာရှင်၊ သရုပ်ဆောင်တွေလည်း နှစ်ပေါင်းများစွာရှိခဲ့တယ်။ အကယ်ဒမီကို ကုသိုလ်ကံလေးပိုကောင်းတဲ့သူတွေကတော့ရနိုင်ပါတယ်။ ညံ့လို့မရတာတော့မဟုတ်ပါဘူး။”လို့ ခန့်စည်သူက ပြောပါတယ်။
ခန့်စည်သူကတော့ “အများနှင့်မသက်ဆိုင်သောသူ”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ အကယ်ဒမီဆန်ခါတင်စာရင်းဝင်ဇာတ်ကားတွေများခဲ့ပေမဲ့ အကယ်ဒမီဆုနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ခန့်စည်သူအနေနဲ့ ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးထားတဲ့ “ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ မကြာခင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
ကျော့မှူးနွယ် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
အကယ်ဒမီဆိုတာ ကုသိုလ်ကံနဲ့လည်းဆိုင်တယ်ဆိုတဲ့ ခန့်စည်သူ
-------- ကျော့မှူးနွယ် ( အကုန်သိ သတင်းဌာန ) --------
အကယ်ဒမီဆိုတာ ကုသိုလ်ကံနဲ့လည်းဆိုင်တယ်လို့ အကယ်ဒမီခန့်စည်သူက ပြောလိုက်ပါတယ်။
ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ကတော်ဝင်ဂါးဒင်းဟိုတယ်မှာ ဖေဖော်ဝါရီလ ၈ ရက်ကကျင်းပခဲ့တဲ့ “ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲအကြိုပြသပွဲမှာ အခုလိုပြောပြခဲ့တာပါ။
“ အကယ်ဒမီဆိုတာကကုသိုလ်ကံနဲ့လည်းဆိုင်ပါတယ်။ အကယ်ဒမီရတဲ့သူတွေကအရမ်းတော်တဲ့ သူတွေဖြစ်သလို အကယ်ဒမီမရတဲ့သူတွေကလည်းညံ့လို့မဟုတ်ပါဘူး။ ထူးထူးချွန်ချွန်သရုပ်ဆောင်ပြီး အကယ်ဒမီနဲ့လွဲခဲ့တဲ့အနုပညာရှင်၊ သရုပ်ဆောင်တွေလည်း နှစ်ပေါင်းများစွာရှိခဲ့တယ်။ အကယ်ဒမီကို ကုသိုလ်ကံလေးပိုကောင်းတဲ့သူတွေကတော့ရနိုင်ပါတယ်။ ညံ့လို့မရတာတော့မဟုတ်ပါဘူး။”လို့ ခန့်စည်သူက ပြောပါတယ်။
ခန့်စည်သူကတော့ “အများနှင့်မသက်ဆိုင်သောသူ”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ အကယ်ဒမီဆန်ခါတင်စာရင်းဝင်ဇာတ်ကားတွေများခဲ့ပေမဲ့ အကယ်ဒမီဆုနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ခန့်စည်သူအနေနဲ့ ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးထားတဲ့ “ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ မကြာခင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List