Tuesday, February 11, 2020

နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိပြီဟု တရုတ်အာဏာပိုင်များအတည်ပြု


Image may contain: 2 people, indoor
နိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော် ရှိလာပြီလို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က အခုလ ၁၁ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၈ ဦး ထပ်တိုးလာခဲ့လို့ သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်သွားခဲ့တာပါ။ ရောဂါကူးစက်ဖြစ်ပွားသူလည်း ၂၅၀၀ လောက် ထပ်မံတွေ့ရှိခဲ့လို့ ကူးစက်ဖြစ်ပွားမှုပေါင်းဟာ ၄၃၀၀၀ နီးပါး ဖြစ်သွားခဲ့ပါပြီ။ ထပ်တိုးလာတဲ့ သေဆုံးသူ ၁၀၈ ဦးထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေ အဆိုးရွားဆုံး ဖြစ်နေတဲ့ ဟူဘေးပြည်နယ်က ၁၀၃ ဦးအထိ ပါဝင်နေပါတယ်။ ဟူဘေးပြည်နယ် ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တရုတ်အာဏာပိုင်တွေက ထိန်းချုပ်ဖို့ ကြိုးပမ်းနေပေမယ့် အခုချိန်ထိ ထိန်းချုပ်နိုင်တဲ့ အဆင့်မှာ မရှိသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း အခုကူးစက်ပျံ့နှံ့မှုတွေကို အရေး ပေါ်အခြေအနေ ကြေညာပြီး ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့မှုကနေ ကာကွယ်ဖို့ ကြိုးပမ်းနေပါတယ်။
Source - AFP

No comments:

Post a Comment

My Blog List