Monday, February 10, 2020

ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှုကို မြန်မာနိုင်ငံ၌ ယခုလကုန်ခန့်တွင် စတင်လုပ်ဆောင်နိုင်မည်ကို သိရှိရကြောင်း ဝန်ကြီးပြောကြား


Image may contain: 6 people, people sitting, table and indoor
ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှုကို အမေရိကန်အကူအညီဖြင့် မြန်မာနိုင်ငံ၌ ယခုလကုန်ခန့်တွင် စတင်လုပ်ဆောင်နိုင်မည်ကို သိရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားသည်။
”အမေရိကန်ပြည်ထောင်စု ရောဂါဘယထိန်းသိမ်းရေးဗဟိုဌာန(United States Center for Disease Control, U.S CDC )မှ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များ၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် ဓာတ်ခွဲ စစ်ဆေးခြင်းနှင့် ပတ်သက်၍ Hands on Training လာရောက် သင်ကြားပေးမည် ဖြစ်၍ ဇီဝလုံခြုံရေးအတွက် လိုအပ်မည့်ပြင်ဆင်မှုများကို လုပ်ဆောင်ထားစေလိုကြောင်းနှင့် ဖေဖော်ဝါရီလကုန်ခန့်တွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုကို မိမိတို့မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်နိုင်မည်ကို သိရှိရပါကြောင်း” ယမန်နေ့(ဖေဖေါ်ဝါရီ ၉ ရက်) နံနက် ၈ နာရီက ရန်ကုန်မြို့ ပြည်ထောင်စုဝန်ကြီး ဧည့်ရိပ်သာခန်းမတွင် ကျင်းပခဲ့သည့် ”2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၃/၂၀၂၀)”တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ပါမောက္ခချုပ်/ ဆေးရုံ အုပ်ကြီး(ရန်ကုန်ဆေးရုံကြီး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)၊ ပါမောက္ခချုပ် (ပြည်သူ့ကျန်းမာရေးတက္ကသိုလ်)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညှှနျကွားရေးမှူး (ကုသရေး)၊ ရနျကုနျပွညျသူ့ဆေးရုံအုပျကွီး၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Source: MOHS
Ref: 2019 NOVEL CORONAVIRUS ကြောင့်ဖြစ်ပွားသောလတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၃/၂၀၂၀) ကျင်းပ (9-2-2020, 8:00 A.M)
Photo: MOHS
(Zawgyi)

ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှုကို မြန်မာနိုင်ငံ၌ ယခုလကုန်ခန့်တွင် စတင်လုပ်ဆောင်နိုင်မည်ကို သိရှိရကြောင်း ဝန်ကြီးပြောကြား

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၀

ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှုကို အမေရိကန်အကူအညီဖြင့် မြန်မာနိုင်ငံ၌ ယခုလကုန်ခန့်တွင် စတင်လုပ်ဆောင်နိုင်မည်ကို သိရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားသည်။

”အမေရိကန်ပြည်ထောင်စု ရောဂါဘယထိန်းသိမ်းရေးဗဟိုဌာန(United States Center for Disease Control, U.S CDC )မှ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များ၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် ဓာတ်ခွဲ စစ်ဆေးခြင်းနှင့် ပတ်သက်၍ Hands on Training လာရောက် သင်ကြားပေးမည် ဖြစ်၍ ဇီဝလုံခြုံရေးအတွက် လိုအပ်မည့်ပြင်ဆင်မှုများကို လုပ်ဆောင်ထားစေလိုကြောင်းနှင့် ဖေဖော်ဝါရီလကုန်ခန့်တွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုကို မိမိတို့မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်နိုင်မည်ကို သိရှိရပါကြောင်း” ယမန်နေ့(ဖေဖေါ်ဝါရီ ၉ ရက်) နံနက် ၈ နာရီက ရန်ကုန်မြို့ ပြည်ထောင်စုဝန်ကြီး ဧည့်ရိပ်သာခန်းမတွင် ကျင်းပခဲ့သည့် ”2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၃/၂၀၂၀)”တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ပါမောက္ခချုပ်/ ဆေးရုံ အုပ်ကြီး(ရန်ကုန်ဆေးရုံကြီး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)၊ ပါမောက္ခချုပ် (ပြည်သူ့ကျန်းမာရေးတက္ကသိုလ်)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ေရး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Source: MOHS
Ref: 2019 NOVEL CORONAVIRUS ကြောင့်ဖြစ်ပွားသောလတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၃/၂၀၂၀) ကျင်းပ (9-2-2020, 8:00 A.M)
Photo: MOHS

No comments:

Post a Comment

My Blog List