၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ကျရောက်သည့် မြန်မာ့လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၅နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်NLDပါတီ ရုံးရှေ့တွင် ယနေ့မနက်ပိုင်းက ပဲပြုတ်နံပြား၊ လက်ဖက်ရည် စတုဒိသာကျွေးမွေးလျက်ရှိသည်။
ယင်းအပြင် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် မွန်းလွဲပိုင်းတွင် မဟာဗန္ဓုလ ပန်းခြံတွင် ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပညာရေးမှူးရုံး၊မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကလေးများနေ့အထိမ်းအမှတ်အဖြစ် ကလေးပန်းချီပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာထံမှသိရသည်။
TCM
No comments:
Post a Comment