Thursday, February 13, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချစ်သူများနေ့အတွက် နှင်းဆီပန်းမှာယူမှုများ တဟုန်ထိုးကျဆင်း

Image may contain: one or more people and flower
ထိုင်းနိုင်ငံ Phop Phra ခရိုင်မှာ ချစ်သူများနေ့အတွက် တန်ဖိုးမြင့် နှင်းဆီပန်းတွေ အော်ဒါမှာယူမှု သိသိသာသာကျဆင်းခဲ့တယ်လို့သိရပြီး ဒီလိုဖြစ်ရတာဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ စီးပွားရေးကျဆင်းမှု တွေကြောင့်လို့ ပန်းစိုက်တောင်သူတွေက အပြစ်ဆိုခဲ့ကြပါတယ်။
Phop Phra ခရိုင်ဟာ လာမယ့်သောကြာနေ့မှာ ကျရောက်မယ့် ချစ်သူများနေ့အတွက် နှင်းဆီပန်းတွေ အဓိကပံ့ပိုးပေးရာ နေရာဖြစ်ပြီး အထူးသဖြင့် အနီရောင် နှင်းဆီပန်း ထွက်ရှိရာဒေသ ဖြစ်ပါတယ်။
နှင်းဆီပန်းစိုက်တောင်သူတွေဟာ ဘန်ကောက်မြို့နဲ့ အနီးတဝိုက် ခရိုင်များဖြစ်တဲ့ Pak Khlong Talad၊ Talad Thai၊ Si Mum Muang နဲ့ အခြားစျေးတွေမှ စျေးသည်တွေကို နှစ်စဉ်နှစ်တိုင်း နှင်းဆီပန်းတွေ ရောင်းချ ပါတယ်။ ယင်းနှင်းဆီပန်းတွေကို ပြည်ပသို့လည်း တင်ပို့ရောင်းချမှုများ ပြုလုပ်ပြီး တရုတ်နိုင်ငံဟာ Phop Phra ခရိုင်မှ အနီရောင်နှင်းဆီပန်းများ အဓိက ဝယ်ယူတဲ့ နိုင်ငံဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း နှင်းဆီပန်း ရောင်းချမှုမှ ဘတ်ငွေ သန်းရာနဲ့ချီ ရရှိသော်လည်း ဒီနှစ်မှာတော့ အရင်နှစ်တွေနဲ့မတူဘဲ အော်ဒါမှာယူမှုတွေ အရမ်းနည်းပါး သွားတယ်လို့ ပန်းစိုက် တောင်သူတွေက ပြောဆိုပါတယ်။
Phop Phra ခရိုင်မှ နာမည်ကြီး Pathomphrt နှင်းဆီဥယျာဉ်ခြံပိုင်ရှင် Mr Paradorn Kanda က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုနဲ့ ပြည်နယ်ရဲ့ စီးပွားရေး အခြေအနေ မကောင်းမှုတို့ကြောင့် နှင်းဆီပန်း မှာယူမှုတွေ တဟုန်ထိုး ကျဆင်းသွားရခြင်း ဖြစ်ကြောင်း ပြောဆိုပါတယ်။
နှင်းဆီပန်းစိုက်ပျိုးတဲ့ ခရိုင် အတွင်းရှိ စုစုပေါင်း ဧရိယာမှာ ယခင်နှစ်က ရိုင် ၂၀၀၀ (ဧက ၇၉၀ ကျော်) နဲ့ ၃၀၀၀ ကြားရှိခဲ့ရာမှ ယခုနှစ်မှာ ၁၀၀၀ ရိုင်ထိ ကျဆင်းသွားခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ယခင်နှစ် ချစ်သူများနေ့မတိုင်ခင် Phop Phra ခရိုင်မှ နေ့စဉ်တင်ပို့တဲ့ နှင်းဆီပန်းများဟာ ၁ သန်း ခန့်ရှိခဲ့ရာမှ ယခုနှစ်မှာ ၃၀၀၀၀၀ မှ ၄၀၀၀၀၀ သို့ ကျဆင်းသွားခဲ့တယ်လို့ Mr Paradorn က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Image may contain: 1 person, standing, plant, flower, tree, outdoor and nature
ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) 
Ref : bangkokpost
<<< Unicode Version >>>
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချစ်သူများနေ့အတွက် နှင်းဆီပန်းမှာယူမှုများ တဟုန်ထိုးကျဆင်း
------ ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) ------
ထိုင်းနိုင်ငံ Phop Phra ခရိုင်မှာ ချစ်သူများနေ့အတွက် တန်ဖိုးမြင့် နှင်းဆီပန်းတွေ အော်ဒါမှာယူမှု သိသိသာသာကျဆင်းခဲ့တယ်လို့သိရပြီး ဒီလိုဖြစ်ရတာဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ စီးပွားရေးကျဆင်းမှု တွေကြောင့်လို့ ပန်းစိုက်တောင်သူတွေက အပြစ်ဆိုခဲ့ကြပါတယ်။
Phop Phra ခရိုင်ဟာ လာမယ့်သောကြာနေ့မှာ ကျရောက်မယ့် ချစ်သူများနေ့အတွက် နှင်းဆီပန်းတွေ အဓိကပံ့ပိုးပေးရာ နေရာဖြစ်ပြီး အထူးသဖြင့် အနီရောင် နှင်းဆီပန်း ထွက်ရှိရာဒေသ ဖြစ်ပါတယ်။
နှင်းဆီပန်းစိုက်တောင်သူတွေဟာ ဘန်ကောက်မြို့နဲ့ အနီးတဝိုက် ခရိုင်များဖြစ်တဲ့ Pak Khlong Talad၊ Talad Thai၊ Si Mum Muang နဲ့ အခြားဈေးတွေမှ ဈေးသည်တွေကို နှစ်စဉ်နှစ်တိုင်း နှင်းဆီပန်းတွေ ရောင်းချ ပါတယ်။ ယင်းနှင်းဆီပန်းတွေကို ပြည်ပသို့လည်း တင်ပို့ရောင်းချမှုများ ပြုလုပ်ပြီး တရုတ်နိုင်ငံဟာ Phop Phra ခရိုင်မှ အနီရောင်နှင်းဆီပန်းများ အဓိက ဝယ်ယူတဲ့ နိုင်ငံဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း နှင်းဆီပန်း ရောင်းချမှုမှ ဘတ်ငွေ သန်းရာနဲ့ချီ ရရှိသော်လည်း ဒီနှစ်မှာတော့ အရင်နှစ်တွေနဲ့မတူဘဲ အော်ဒါမှာယူမှုတွေ အရမ်းနည်းပါး သွားတယ်လို့ ပန်းစိုက် တောင်သူတွေက ပြောဆိုပါတယ်။
Phop Phra ခရိုင်မှ နာမည်ကြီး Pathomphrt နှင်းဆီဥယျာဉ်ခြံပိုင်ရှင် Mr Paradorn Kanda က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုနဲ့ ပြည်နယ်ရဲ့ စီးပွားရေး အခြေအနေ မကောင်းမှုတို့ကြောင့် နှင်းဆီပန်း မှာယူမှုတွေ တဟုန်ထိုး ကျဆင်းသွားရခြင်း ဖြစ်ကြောင်း ပြောဆိုပါတယ်။
နှင်းဆီပန်းစိုက်ပျိုးတဲ့ ခရိုင် အတွင်းရှိ စုစုပေါင်း ဧရိယာမှာ ယခင်နှစ်က ရိုင် ၂၀၀၀ (ဧက ၇၉၀ ကျော်) နဲ့ ၃၀၀၀ ကြားရှိခဲ့ရာမှ ယခုနှစ်မှာ ၁၀၀၀ ရိုင်ထိ ကျဆင်းသွားခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ယခင်နှစ် ချစ်သူများနေ့မတိုင်ခင် Phop Phra ခရိုင်မှ နေ့စဉ်တင်ပို့တဲ့ နှင်းဆီပန်းများဟာ ၁ သန်း ခန့်ရှိခဲ့ရာမှ ယခုနှစ်မှာ ၃၀၀၀၀၀ မှ ၄၀၀၀၀၀ သို့ ကျဆင်းသွားခဲ့တယ်လို့ Mr Paradorn က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Ref : bangkokpost

No comments:

Post a Comment

My Blog List