Monday, February 10, 2020

မကွေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သော လူနာနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန သတင်းထုတ်ပြန်

Image may contain: text

၁။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာတွင်နေထိုင်သူ အသက်(၂၇)နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် (၆-၂-၂၀၂၀) ရက်နေ့တွင် ဖျားနာခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် မောခြင်းရောဂါလက္ခဏာများခံစားခဲ့ရပြီး တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ (၉-၂-၂၀၂၀) ရက်နေ့၊ နံနက်(၃:၃၀) ခန့်တွင် တက်ရောက်ကုသခဲ့ပြီး မကွေးပြည်သူ့ဆေးရုံကြီးသို့ (၉-၂-၂၀၂၀) ရက်နေ့၊ နံနက်(၇:၃၀) ခန့်တွင် လွှဲပြောင်းညွှန်းပို့ခဲ့ပါသည်။ 

အဆိုပါ လူနာသည် ထိုင်းနိုင်ငံတွင် (၃)နှစ်ခန့်နေထိုင်ခဲ့ရာမှ လွန်ခဲ့သော (၂) လခန့်က တောင်တွင်းကြီးမြို့နယ်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်းနှင့် ရောဂါရာဇဝင်အား မေးမြန်းရာ လူနာတွင် နာတာရှည်ရောဂါဖြစ်သော အရေပြားလေးဖက်နာ (Systemic Lupus Erythematosus – SLE) ရောဂါဖြစ်ပွားနေသည်မှာ (၃) နှစ်ခန့်ရှိပြီ ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် နေထိုင်စဉ်ကလည်း အဆိုပါ ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသခဲ့ဖူးသော ရာဇဝင်ရှိကြောင်း စိစစ်သိရှိရပါသည်။ ၎င်းလူနာ ဆေးရုံသို့ရောက်ရှိချိန်တွင် သွေးပေါင်ချိန်များကျဆင်းလျက်ရှိပြီး လတ်တ လော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိခဲ့ရသဖြင့် လိုအပ်သော ကုသမှုများပေးနေစဉ် (၉-၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၁၅) ခန့်အချိန်တွင် သေဆုံးသွားကြောင်း သိရှိရပါသည်။
၂။ အဆိုပါလူနာ သေဆုံးခြင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာတွင် လူနာ၏ ခရီးသွားရာဇဝင်မှာ ထိုင်းနိုင်ငံသို့သာ သွားရောက်ခဲ့ခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်မှာလည်း (၂) လခန့် ကြာမြင့်ခဲ့ပြီဖြစ်ခြင်းကြောင့် (2019 – nCoV) Virus ၏ အများဆုံးရောဂါပျိုးရက်ဖြစ်သော (၁၄) ထက် ကျော်လွန်ပြီဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှထုတ်ပြန်ထားသော 2019 Novel Coronavirus (2019-nCoV) သံသယလူနာ၏ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါကြောင်း နှင့် လူနာသေဆုံးရခြင်းအကြောင်းအရင်းမှာ နာတာရှည်ရောဂါဖြစ်သော အရေပြား လေးဖက်နာရောဂါ အခြေအနေမှာဆိုးဝါးလာပြီး ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများနှင့် သွေးဆိပ်တက်ခြင်းတို့ခံစားရကာ သေဆုံးရခြင်းဖြစ် ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

My Blog List