Thursday, February 13, 2020

ပင်လုံစိတ်ဓာတ်မရှိလျှင် အမျိုးသားလွတ်လပ်ရေး မရရှိနိုင်ပါဟု NLD ထုတ်ပြန်ကြေညာ

Image may contain: sky, tree and outdoor

ပင်လုံစိတ်ဓာတ်မရှိလျှင် အမျိုးသားလွတ်လပ်ရေး မရရှိနိုင်ကြောင်း ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ဖေဖေါ်ဝါရီ ၁၂ ရက်က ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါတီဗဟို အလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်မှ ပြည်ထောင်စုနေ့ ကြေညာချက်အား ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
“တိုင်းရင်းသား မျိုးနွယ်စုများ၏ သွေးစည်း ညီညွတ်မှုမရှိလျှင် ပင်လုံစာချုပ်မွေးဖွားနိုင်မည် မဟုတ်သလို၊ ပင်လုံစိတ်ဓာတ်မရှိ လျှင်လည်း အမျိုးသား လွတ်လပ်ရေး မရရှိနိုင်ပါ။ ပင်လုံစိတ်ဓာတ်ဟူသည်မှာ တိုင်းရင်းသားခေါင်းဆောင်ကြီးတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော စာချုပ်ပါအချက်အလက်များအပြင် ၊ ပင်လုံညီလာခံကြီးတွင် ဆွေးနွေးတင်ပြချက်များ၊ အပြန်အလှန် သဘောတူညီချက်များ၊ အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းအဖြေရှာခဲ့သည့် ကတိကဝတ်များအား လုံးအကျုံးဝင်ပေသည်” ဒေါက်တာ မျိုးညွန့်မှ ဖတ်ကြားခဲ့သည်။
ပင်လုံစာချုပ်အား ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းပါဝင်သော ခေါင်းဆောင်ကြီးများမှ သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏရလာတဲ့ အချိန်မှာ တိုင်းရင်းသားအရေး ကိစ္စတွေလက်တွေ့ လုပ်ဆောင်ရလာ တာရှိ လာ ပါတယ်။ ရှိလာတဲ့အခါမှာ ၂၁ ရာစုပင်လုံ လုပ်နေတာရယ် ကျန်တဲ့ဖွံဖြိုးရေး ကိစ္စတွေလုပ်နေတဲ့အခါမှာ တိုင်းရင်းသားများ အရေးကို အများကြီး အလေးထားပြီး ဆောင်ရွက်ခဲ့တယ်ဆိုတာ ဘယ်လိုမှငြင်းလို့မရပါဘူး”ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကလည်း ပြောသည်။
Image may contain: 7 people
Image may contain: one or more people and people sitting
မင်းသီဟန်(အကုန်သိသတင်းဌာန)
Unicode Version
ပင်လုံစိတ်ဓာတ်မရှိလျှင် အမျိုးသားလွတ်လပ်ရေး မရရှိနိုင်ပါဟု NLD ထုတ်ပြန်ကြေညာ
------------ မင်းသီဟန်(အကုန်သိသတင်းဌာန) ------------

ပင်လုံစိတ်ဓာတ်မရှိလျှင် အမျိုးသားလွတ်လပ်ရေး မရရှိနိုင်ကြောင်း ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ဖေဖေါ်ဝါရီ ၁၂ ရက်က ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါတီဗဟို အလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်မှ ပြည်ထောင်စုနေ့ ကြေညာချက်အား ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
“တိုင်းရင်းသား မျိုးနွယ်စုများ၏ သွေးစည်း ညီညွတ်မှုမရှိလျှင် ပင်လုံစာချုပ်မွေးဖွားနိုင်မည် မဟုတ်သလို၊ ပင်လုံစိတ်ဓာတ်မရှိ လျှင်လည်း အမျိုးသား လွတ်လပ်ရေး မရရှိနိုင်ပါ။ ပင်လုံစိတ်ဓာတ်ဟူသည်မှာ တိုင်းရင်းသားခေါင်းဆောင်ကြီးတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော စာချုပ်ပါအချက်အလက်များအပြင် ၊ ပင်လုံညီလာခံကြီးတွင် ဆွေးနွေးတင်ပြချက်များ၊ အပြန်အလှန် သဘောတူညီချက်များ၊ အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းအဖြေရှာခဲ့သည့် ကတိကဝတ်များအား လုံးအကျုံးဝင်ပေသည်” ဒေါက်တာ မျိုးညွန့်မှ ဖတ်ကြားခဲ့သည်။
ပင်လုံစာချုပ်အား ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းပါဝင်သော ခေါင်းဆောင်ကြီးများမှ သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏရလာတဲ့ အချိန်မှာ တိုင်းရင်းသားအရေး ကိစ္စတွေလက်တွေ့ လုပ်ဆောင်ရလာ တာရှိ လာ ပါတယ်။ ရှိလာတဲ့အခါမှာ ၂၁ ရာစုပင်လုံ လုပ်နေတာရယ် ကျန်တဲ့ဖွံဖြိုးရေး ကိစ္စတွေလုပ်နေတဲ့အခါမှာ တိုင်းရင်းသားများ အရေးကို အများကြီး အလေးထားပြီး ဆောင်ရွက်ခဲ့တယ်ဆိုတာ ဘယ်လိုမှငြင်းလို့မရပါဘူး”ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကလည်း ပြောသည်။

No comments:

Post a Comment

My Blog List