Friday, February 14, 2020

အမ်းမြို့နယ်အတွင်း စျေးဝယ်ယူနေသည့် ရဲဒုတိယတပ်ကြပ်တစ်ဦးအား အမည်မသိလူ ၁ ဦးက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား


No photo description available.
ရခိုင်ပြည်နယ်၊ အမ်းမြို့မရဲစခန်းမှ ကဇူးကိုင်းတံတားရဲကင်းစခန်းတွင် လုံခြုံရေး တာဝန်ထမ်း ဆောင်လျက်ရှိသော ရဲဒုတိယတပ်ကြပ် ထွန်းထွန်းနိုင် သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ရဲကင်းစခန်း၏ အရှေ့မြောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ ကုန်စုံဆိုင်သို့ ဆိုင်ကယ်ဖြင့် စျေးဝယ်ရန်သွားရောက်စဉ် ၎င်းင်း၏နောက်မှ ဆိုင်ကယ် ၁ စီးဖြင့် အမည်မသိလူ ၁ ဦး လိုက်ပါလာပြီး ရဲဒုတိယတပ်ကြပ် ထွန်းထွန်းနိုင်မှ စျေးဝယ်ယူနေစဉ် နောက်မှ လုံးထွေးသတ်ပုတ်ပြီး ဓားဖြင့်ထိုးခဲ့သည်။
အဆိုပါဓားထိုးမှုကြောင့် ရဲဒုတိယတပ်ကြပ် ထွန်းထွန်းနိုင်၏ ဘယ်ဘက်ရင်အုံ၊ ရင်ဝ၊ ဝမ်းဗိုက်နှင့် လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာများရရှိခြဲ့ပီး အဆိုပါနေရာ၌ပင် သေဆုံးခဲ့သည်။

AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အပြစ်မဲ့ပြည်သူများ၊ တပ်မတော်မှ အငြိမ်းစားယူထားသူများနှင့် ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၀င္များအား ဓားဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်၊ ထိုးသတ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေ ၁ ရက်တွင် ကျောက်တော်မြို့နယ်၊ ပီကောက်ဝ(ရခိုင်)ကျေးရွာတွင် နေထိုင်သည့် တပ်မတော်မှ အငြိမ်းစား ယူထားသည့် တပ်ကြပ်ကြီး ၁ ဦးအား လည်းကောင်း၊ သြဂုတ် ၅ ရက်တွင် ကျောက်တော်မြို့နယ်၊ ဆင်အိုး ချိုင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်နှင့် သာဒါဆိပ်ကျေးရွာမှ ရာအိမ်မှူး ဦးဝင်းနိုင် တို့ ၂ ဦးအား လည်းကောင်း၊ စက်တင်ဘာ ၁ ရက်တွင် ကျောက်တော်မြို့နယ်၊ ဝါးတောင် ကျေးရွာမှ ဦးရဲလွင်နှင့်ဇနီး ဒေါ်တင်ထွေးတို့ ၂ ဦးအား လည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာမှ ဦးခိုင်အား လည်းကောင်း၊ စက်တင်ဘာ ၁၀ ရက်တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲ၊ အလယ်ပိုင်းရပ်ကွက်၊ စျေးအတွင်း၌ ဦးညီညီထွေးနှင့် ဦးမောင်လုံးတို့ ၂ ဦးအား လည်းကောင်း၊ စက်တင်ဘာ ၁၄ ရက်တွင် အမ်းမြို့နယ်၊ ရူး(ရခိုင်)ကျေးရွာမှ စစ်မှုထမ်း ဟောင်း ၁ ဦးအား လည်းကောင်း၊ စက်တင်ဘာ ၁၇ ရက်တွင် ကျောက်ဖြူမြို့နယ်၊ မော်ဖြားကျေးရွာနေ ဦးဖြူချေ အားလည်း ကောင်း၊ စက်တင်ဘာ ၂၂ ရက်တွင် ဘူးသီးတောင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဒုအရာခံဗိုလ်(အငြိမ်းစား) ၁ ဦးနှင့် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ ဦးအောင်ဇံဝေ လမ်း၌ ရဲတပ်ကြပ်ကြီး ၁ ဦးအား လည်းကောင်း၊ ဒီဇင်ဘာ ၁၃ ရက်တွင် အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီး၊ အမ်း-စစ်တွေသွားကားလမ်းပေါ်ရှိ မျိုးချစ်သူစားသောက်ဆိုင် ပိုင်ရှင်ဖြစ်သူ ဦးသန်းဇော် အား လည်းကောင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက အကြောင်း မဲ့မင်းမဲ့စရိုက်ဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ စုစုပေါင်း ၁၃ ဦးရှိကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးမှုများနှင့်ပတ်သက်၍ တရားခံအား ဖမ်းဆီးရမိရေး အမ်းမြို့မရဲစခန်း၌ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

အမ်းမြို့နယ်အတွင်း စျေးဝယ်ယူနေသည့် ရဲဒုတိယတပ်ကြပ်တစ်ဦးအား အမည်မသိလူ ၁ ဦးက ဓားဖြင့် ထိုုးသတ်မှုဖြစ်ပွား
--- --- ---

ရခိုင်ပြည်နယ်၊ အမ်းမြို့မရဲစခန်းမှ ကဇူးကိုင်းတံတားရဲကင်းစခန်းတွင် လုံခြုံရေး တာဝန်ထမ်း ဆောင်လျက်ရှိသော ရဲဒုတိယတပ်ကြပ် ထွန်းထွန်းနိုင် သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ရဲကင်းစခန်း၏ အရှေ့မြောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ ကုန်စုံဆိုင်သို့ ဆိုင်ကယ်ဖြင့် စျေးဝယ်ရန်သွားရောက်စဉ် ၎င်းင်း၏နောက်မှ ဆိုင်ကယ် ၁ စီးဖြင့် အမည်မသိလူ ၁ ဦး လိုက်ပါလာပြီး ရဲဒုတိယတပ်ကြပ် ထွန်းထွန်းနိုင်မှ စျေးဝယ်ယူနေစဉ် နောက်မှ လုံးထွေးသတ်ပုတ်ပြီး ဓားဖြင့်ထိုးခဲ့သည်။

အဆိုပါဓားထိုးမှုကြောင့် ရဲဒုတိယတပ်ကြပ် ထွန်းထွန်းနိုင်၏ ဘယ်ဘက်ရင်အုံ၊ ရင်ဝ၊ ဝမ်းဗိုက်နှင့် လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး အဆိုပါနေရာ၌ပင် သေဆုံးခဲ့သည်။

AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အပြစ်မဲ့ပြည်သူများ၊ တပ်မတော်မှ အငြိမ်းစားယူထားသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်၊ ထိုးသတ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေ ၁ ရက်တွင် ကျောက်တော်မြို့နယ်၊ ပီကောက်ဝ(ရခိုင်)ကျေးရွာတွင် နေထိုင်သည့် တပ်မတော်မှ အငြိမ်းစား ယူထားသည့် တပ်ကြပ်ကြီး ၁ ဦးအား လည်းကောင်း၊ သြဂုတ် ၅ ရက်တွင် ကျောက်တော်မြို့နယ်၊ ဆင်အိုး ချိုင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်နှင့် သာဒါဆိပ်ကျေးရွာမှ ရာအိမ်မှူး ဦးဝင်းနိုင် တို့ ၂ ဦးအား လည်းကောင်း၊ စက်တင်ဘာ ၁ ရက်တွင် ကျောက်တော်မြို့နယ်၊ ၀ါးတောင် ကျေးရွာမှ ဦးရဲလွင်နှင့်ဇနီး ဒေါ်တင်ထွေးတို့ ၂ ဦးအား လည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာမှ ဦးခိုင်အား လည်းကောင်း၊ စက်တင်ဘာ ၁၀ ရက်တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲ၊ အလယ်ပိုင်းရပ်ကွက်၊ စျေးအတွင်း၌ ဦးညီညီထွေးနှင့် ဦးမောင်လုံးတို့ ၂ ဦးအား လည်းကောင်း၊ စက်တင်ဘာ ၁၄ ရက်တွင် အမ်းမြို့နယ်၊ ရူး(ရခိုင်)ကျေးရွာမှ စစ်မှုထမ်း ဟောင်း ၁ ဦးအား လည်းကောင်း၊ စက်တင်ဘာ ၁၇ ရက်တွင် ကျောက်ဖြူမြို့နယ်၊ မော်ဖြားကျေးရွာနေ ဦးဖြူချေ အားလည်း ကောင်း၊ စက်တင်ဘာ ၂၂ ရက်တွင် ဘူးသီးတောင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဒုအရာခံဗိုလ်(အငြိမ်းစား) ၁ ဦးနှင့် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ ဦးအောင်ဇံဝေ လမ်း၌ ရဲတပ်ကြပ်ကြီး ၁ ဦးအား လည်းကောင်း၊ ဒီဇင်ဘာ ၁၃ ရက်တွင် အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီး၊ အမ်း-စစ်တွေသွားကားလမ်းပေါ်ရှိ မျိုးချစ်သူစားသောက်ဆိုင် ပိုင်ရှင်ဖြစ်သူ ဦးသန်းဇော် အား လည်းကောင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက အကြောင်း မဲ့မင်းမဲ့စရိုက်ဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ စုစုပေါင်း ၁၃ ဦးရှိကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးမှုများနှင့်ပတ်သက်၍ တရားခံအား ဖမ်းဆီးရမိရေး အမ်းမြို့မရဲစခန်း၌ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List