Thursday, February 13, 2020

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူးခြင်းဟာ အနှစ်သာရရှိရှိလုပ်နေကြခြင်းလို့ ခံယူထားကြောင်း သမ္မတပြောကြား

Image may contain: 2 people, people standing and outdoor
နေပြည်တော်ရှိ သပြေကုန်းအဝိုင်းမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ သည်ကနေ့မှာ ဖွင့်လှစ်လိုက်ပါပြီ။

ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။
သမ္မတက"ယခုလိုဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူတာဟာ သာမန်ကာလျှံကာ အသွင်သဏ္ဍာန်အရ လုပ်နေကြခြင်းမဟုတ်ပဲ နိုင်ငံရဲ့ အရေးအရာများနဲ့ စပ်လျဉ်းပြီး အနှစ်သာရရှိရှိနဲ့ လုပ်နေကြခြင်းဖြစ်တယ်လို့ ခံယူပါတယ်"လို့ နှုတ်ခွန်းဆက်စကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သမ္မတက မျိုးဆက်သစ်လူငယ်များအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ တိုင်းပြည်အတွက်ဖြူစင်တဲ့စေတနာ ၊သန့်ရှင်းတဲ့မေတ္တာ၊ မွန်မြတ်တဲ့လမ်းစဉ်တွေကို အတုယူကြပါလို့လည်း ဆိုပါတယ်။
တိုင်းကျိုးပြည်ကျိုး သယ်ပိုးစေရန်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပြတ်သားတဲ့ လက်ရုံးရည် နှလုံးရည် ၊သိလ သမာဓိ သိက္ခာ၊ ပြောင်မြောက်တဲ့အသိပညာ အတွေးအခေါ် အယူအဆတွေကိုလည်း အားကျလျှက် တိုင်းချစ်ပြည်ချစ်စိတ်များ ထက်သန်စေရန်လည်းကောင်း၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးမဖက် ရာထူးမမက်၊ လွတ်လပ်‌ရေးအတွက် အသက်ပေးပြီး ကိုယ်ကျိုးစွန့်အနစ်နာခံသွားခဲ့တာတွေကို နမူနာယူကြပြီး ဇာတိသွေး ဇာတိမာန် ရှင်သန်စေရန်လည်းကောင်း၊ အသိဉာဏ်ရှင်သန်စေရန်လည်းကောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းမှာ မော်ကွန်းထိုးထားရမယ့် ကြီးကျယ်ခမ်းနားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်များကို စံပြုကြဖို့လည်းကောင်း ရည်ရွယ်ချက်ကောင်းများရှိတယ်လို့ ခံယူထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
သမ္မတက"နိုင်ငံတော်ရဲ့မြို့တော်ဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ပြည့်စုံစေပြီး ပြည်ထောင်စုနယ်မြေနယ်ဆိုတဲ့ ဂုဏ်ဒြပ်ကိုလည်း ထင်ဟပ်စေပါတယ်။ တိုင်းရင်းသားပြည်သူများကလည်း ဝမ်းမြောက်ဝမ်းသားဖြစ်နေကြမယ်လို့ ကျွန်တော်နားလည်ထားပါတယ်"လို့လည်း ပြောကြားခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ့အကြီးအကဲများ နဲ့ဒေသခံပြည်သူအများအပြား တက်ရောက်ခဲ့ကြပါတယ်။
အခုဖွင့်လှစ်လိုက်တဲ့ နေပြည်တော်က ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုဟာ နိုင်ငံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်တုတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။
Image may contain: one or more people, crowd and outdoor
Image may contain: one or more people, sky, outdoor and nature
Image may contain: one or more people, outdoor and food
Image may contain: one or more people, sky, outdoor and nature
Image may contain: 4 people, people standing
Image may contain: 1 person, standing, crowd and outdoor
Image may contain: 5 people
Image may contain: 4 people, people standing and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, sky and outdoor
Image may contain: 4 people, people standing and outdoor
Image may contain: one or more people, sky and outdoor
Image may contain: one or more people, crowd, sky and outdoor
Image may contain: sky and nature
Author/Photo - မာရီခိုင်
Kumudra

No comments:

Post a Comment

My Blog List