Thursday, February 13, 2020

နိုင်ငံရေးမှာ တပ်မပါဖို့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားပြီး သမ္မတပြော


Image may contain: 1 person, standing and flower
နိုင်ငံစည်းလုံးညီညွတ်ရေးအတွက် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပါတီလုပ်ငန်းတွေမှာ တပ်မတော်နဲ့ တပ်မတော်သားတွေ မပါဝင်ကြဖို့ ဗိုလ်ချုပ်အောင်ဆန်းက စည်းကမ်းချမှတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ ပြောလိုက်ပါတယ်။
နေပြည်တော်၊ သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားမှာ သမ္မတက ပြောလိုက်တာပါ။

ဒီအခမ်းအနားကို တပ်မတော်ဘက်က နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးလည်း တက်ရောက်ခဲ့ပါတယ်။

တပ်မတော်ဟာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း၊ တစ်ပါတီတည်း အတွက်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ဖြစ်တယ်လို့ ဗိုလ်ချုပ်က ပြောခဲ့သလို တောင်တန်းဒေသတွေမှာ နယ်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတယ်လို့ ပင်လုံစာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့ကြောင်းလည်း သမ္မတက ပြော ပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖြစ်မြောက်ရေး ဦးစီးကော်မတီကို နိုင်ငံတော် သမ္မတဦးဆောင်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်

တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တုတွေကို စိုက်ထူခဲ့ရာမှာ နေပြည်တော်မှာ ထားရှိတဲ့ မြင်းစီးကြေးရုပ်ဟာ ခုနှစ်တန်ရှိပြီး NLD အစိုးရ လက်ထက် ပေါ်ပေါက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေထဲမှာ အကြီးဆုံးဖြစ်လာပါတယ်။

ဗိုလ်ချုပ်ရုပ်တွေကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ုပြည်နယ် တွေမှာ ကန့်ကွက်မှုတွေရှိနေတဲ့ကြားက စိုက်ထူပြီးစီးခဲ့ပြီး ချင်းပြည်နယ်မှာလည်း စိုက်ထူနိုင်ရေး ဆောင်ရွက်နေပါတယ်။
- Unicode
~~~~~~~~~~~~~~~

နိုင်ငံရေးမှာ တပ်မပါဖို့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားပြီး သမ္မတပြော
~~~~~
■ နိုင်ငံစည်းလုံးညီညွတ်ရေးအတွက် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပါတီလုပ်ငန်းတွေမှာ တပ်မတော်နဲ့ တပ်မတော်သားတွေ မပါဝင်ကြဖို့ ဗိုလ်ချုပ်အောင်ဆန်းက စည်းကမ်းချမှတ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်၊ သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားမှာ သမ္မတက ပြောလိုက်တာပါ။

ဒီအခမ်းအနားကို တပ်မတော်ဘက်က နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးလည်း တက်ရောက်ခဲ့ပါတယ်။

တပ်မတော်ဟာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း၊ တစ်ပါတီတည်း အတွက်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ဖြစ်တယ်လို့ ဗိုလ်ချုပ်က ပြောခဲ့သလို တောင်တန်းဒေသတွေမှာ နယ်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတယ်လို့ ပင်လုံစာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့ကြောင်းလည်း သမ္မတက ပြော ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တေွ ချမှတ်ခဲ့တဲ့ ပင်လုံသဘောတူညီချက်တွေကို လက်ရှိအချိန်အထိ အကောင်အထည် မဖော်နိုင်သေးတာကို ဝမ်းနည်းမိသလို အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖြစ်မြောက်ရေး ဦးစီးကော်မတီကို နိုင်ငံတော် သမ္မတဦးဆောင်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်

တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တုတွေကို စိုက်ထူခဲ့ရာမှာ နေပြည်တော်မှာ ထားရှိတဲ့ မြင်းစီးကြေးရုပ်ဟာ ခုနှစ်တန်ရှိပြီး NLD အစိုးရ လက်ထက် ပေါ်ပေါက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေထဲမှာ အကြီးဆုံးဖြစ်လာပါတယ်။

ဗိုလ်ချုပ်ရုပ်တွေကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ုပြည်နယ် တွေမှာ ကန့်ကွက်မှုတွေရှိနေတဲ့ကြားက စိုက်ထူပြီးစီးခဲ့ပြီး ချင်းပြည်နယ်မှာလည်း စိုက်ထူနိုင်ရေး ဆောင်ရွက်နေပါတယ်။
- Zawgyi

No comments:

Post a Comment

My Blog List