Tuesday, February 11, 2020

စင်္ကာပူမှ ပြန်ရောက်လာသည့် မြန်မာအမျိုးသမီးတစ်ဦးကို ဝေဘာဂီ ဆေးရုံပို့ထားပြီး အနီးကပ်နေထိုင်ခဲ့သည့် လူ ၁၂ ဦးကို နေအိမ်တွင် စောင့်ကြည့်ထား

Image may contain: 1 person, eyeglasses and closeup

စင်္ကာပူနိုင်ငံမှ ပြန်ရောက်လာသည့် မြန်မာအမျိုးသမီးတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ၊မရှိ စောင့်ကြည့်လူနာအဖြစ် ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်ထားကာ ၎င်းနှင့် အနီးကပ်နေထိုင်ခဲ့သည့် လူ ၁၂ ဦးကိုပါ နေအိမ်တွင် စောင့်ကြည့်ထားကြောင်း ရန်ကုန် တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။

ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရုံးခန်းမတွင် ဖေဖေါ်ဝါရီ (၉) ရက် ညနေပိုင်းက ကျင်းပသော သတင်း စာရှင်းလင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က သတင်းမီဒီယာများသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဖေဖေါ်ဝါရီ ၉ ရက်မှာ စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာနက အီးမေးလ်နဲ့ ကျွန်တော်တို့ဆီကို စာတစ်စောင် လှမ်းအကြောင်းကြား ပါတယ်။ အဲဒီ သတင်းပို့ချက်အရ အသက် ၂၉ နှစ်ရှိတဲ့ မြန်မာအမျိုးသမီး တစ်ယောက် စင်္ကာပူက နေပြီးတော့ ဖေဖေါ်ဝါရီ ၅ ရက် ညနေ လေယာဉ်နဲ့ပြန်လာတယ်။ ဆရာတို့ သတင်းရရချင်းပဲ သူတို့ ထပ်ပေးပို့တဲ့ အထဲမှာ ပါတာကတော့ စင်္ကာပူနိုင်ငံမှာ အလုပ်သွားလုပ်တော့ အလုပ်သွားလုပ်တဲ့ အိမ်ကအဘိုးကြီး အဲဒီနေ့ မနက်မှာ ချောင်းဆိုးတယ်ဆိုလို့ ညနေ သူ့ကိုမြန်မာနိုင်ငံ ပြန်လွှတ်လိုက်တယ်။ နောက်ပြီး အဲဒီစင်္ကာပူမှာ ရှိနေတဲ့အဘိုးကြီးကလည်း သတင်းပို့ပေးချက်အရ ကိုရိုနာဗိုင်းရပ်စ်ဆိုတာ အ တည်ပြုတယ်။ အဲဒီတော့ သူနဲ့အတူရှိတဲ့ အမျိုးသမီးက အဓိကစောင့်ကြည့်ရမယ့် အထဲပါသွားတာပေါ့။ အခုသူ့ကို ဝေဘာဂီ ဆေးရုံပို့ထားတယ်။ သူနဲ့ အတူနေတာကော အနီးကပ်ထိတွေ့ခဲ့တဲ့ လူတွေစုစုပေါင်း ၁၂ ဦးကိုတော့ အိမ်မှာစောင့်ကြည့်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးအား ကျန်းမာရေးဌာနမှ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ခေတ္တနေအိမ်တွင်တွေ့ရှိခဲ့ပြီး ဖေဖေါ်ဝါရီ ၉ ရက် မနက်ပိုင်းတွင်ပင် ဝေဘာဂီ အထူးကုဆေးရုံသို့ ဆေးရုံကားဖြင့် ပို့ဆောင်ခဲ့ပြီး စုစုပေါင်း ၁၄ ရက် စောင့်ကြည့် မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဒီဇင်ဘာ ၁၂ ရက်မှ စတင်ကာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားနေသည့် အဆုတ်ရောင်ရောဂါသည် လက်ရှိအချိန်တွင် ဖေဖေါ်ဝါရီ ၉ရက်အထိ သေဆုံးသူ ၉၀၀ ကျော် ရှိပြီဖြစ်ကာ ကူးစက်ခံရသူပေါင်း ၄၀၀၀၀ နီးပါးရှိပြီဖြစ် ကြောင်း သိရသည်။
Image may contain: outdoor
မင်းသီဟန်(အကုန်သိသတင်းဌာန)
Unicode Version
စင်္ကာပူမှ ပြန်ရောက်လာသည့် မြန်မာအမျိုးသမီးတစ်ဦးကို ဝေဘာဂီ ဆေးရုံပို့ထားပြီး အနီးကပ်နေထိုင်ခဲ့သည့် လူ ၁၂ ဦးကို နေအိမ်တွင် စောင့်ကြည့်ထား
------------ မင်းသီဟန်(အကုန်သိသတင်းဌာန) -----------

စင်္ကာပူနိုင်ငံမှ ပြန်ရောက်လာသည့် မြန်မာအမျိုးသမီးတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ၊မရှိ စောင့်ကြည့်လူနာအဖြစ် ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်ထားကာ ၎င်းနှင့် အနီးကပ်နေထိုင်ခဲ့သည့် လူ ၁၂ ဦးကိုပါ နေအိမ်တွင် စောင့်ကြည့်ထားကြောင်း ရန်ကုန် တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။
ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရုံးခန်းမတွင် ဖေဖေါ်ဝါရီ (၉) ရက် ညနေပိုင်းက ကျင်းပသော သတင်း စာရှင်းလင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က သတင်းမီဒီယာများသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဖေဖေါ်ဝါရီ ၉ ရက်မှာ စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာနက အီးမေးလ်နဲ့ ကျွန်တော်တို့ဆီကို စာတစ်စောင် လှမ်းအကြောင်းကြား ပါတယ်။ အဲဒီ သတင်းပို့ချက်အရ အသက် ၂၉ နှစ်ရှိတဲ့ မြန်မာအမျိုးသမီး တစ်ယောက် စင်္ကာပူက နေပြီးတော့ ဖေဖေါ်ဝါရီ ၅ ရက် ညနေ လေယာဉ်နဲ့ပြန်လာတယ်။ ဆရာတို့ သတင်းရရချင်းပဲ သူတို့ ထပ်ပေးပို့တဲ့ အထဲမှာ ပါတာကတော့ စင်္ကာပူနိုင်ငံမှာ အလုပ်သွားလုပ်တော့ အလုပ်သွားလုပ်တဲ့ အိမ်ကအဘိုးကြီး အဲဒီနေ့ မနက်မှာ ချောင်းဆိုးတယ်ဆိုလို့ ညနေ သူ့ကိုမြန်မာနိုင်ငံ ပြန်လွှတ်လိုက်တယ်။ နောက်ပြီး အဲဒီစင်္ကာပူမှာ ရှိနေတဲ့အဘိုးကြီးကလည်း သတင်းပို့ပေးချက်အရ ကိုရိုနာဗိုင်းရပ်စ်ဆိုတာ အ တည်ပြုတယ်။ အဲဒီတော့ သူနဲ့အတူရှိတဲ့ အမျိုးသမီးက အဓိကစောင့်ကြည့်ရမယ့် အထဲပါသွားတာပေါ့။ အခုသူ့ကို ဝေဘာဂီ ဆေးရုံပို့ထားတယ်။ သူနဲ့ အတူနေတာကော အနီးကပ်ထိတွေ့ခဲ့တဲ့ လူတွေစုစုပေါင်း ၁၂ ဦးကိုတော့ အိမ်မှာစောင့်ကြည့်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးအား ကျန်းမာရေးဌာနမှ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ခေတ္တနေအိမ်တွင်တွေ့ရှိခဲ့ပြီး ဖေဖေါ်ဝါရီ ၉ ရက် မနက်ပိုင်းတွင်ပင် ဝေဘာဂီ အထူးကုဆေးရုံသို့ ဆေးရုံကားဖြင့် ပို့ဆောင်ခဲ့ပြီး စုစုပေါင်း ၁၄ ရက် စောင့်ကြည့် မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဒီဇင်ဘာ ၁၂ ရက်မှ စတင်ကာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားနေသည့် အဆုတ်ရောင်ရောဂါသည် လက်ရှိအချိန်တွင် ဖေဖေါ်ဝါရီ ၉ရက်အထိ သေဆုံးသူ ၉၀၀ ကျော် ရှိပြီဖြစ်ကာ ကူးစက်ခံရသူပေါင်း ၄၀၀၀၀ နီးပါးရှိပြီဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List