Monday, February 10, 2020

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး တရုတ်က ဒေါ်လာ ၄၃ ဘီလီယံလှူဒါန်း

Image may contain: one or more people and people sitting
တရုတ်နိုင်ငံကနေစတင်ပြန့်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်စ် 2019-nCoVကိုတိုက်ဖျက်ရာမှာပါဝင်နေတဲ့လုပ်ငန်းတွေအကူအညီဖြစ်ဖို့ အခုတစ်ပတ်ကစပြီး ဒေါ်လာ ၄၃ ဘီလီယံလှူဒါန်းသွားမယ်လို့ တရုတ်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ပါတယ်။
ကပ်ရောဂါထိန်းချုပ်ဖို့နဲ့ကာကွယ်ဖို့ပါဝင်နေတဲ့လုပ်ငန်းစုတွေကို ချေးငွေထုတ်ပေးနိုင်ဖို့ ဘဏ္ဍာရေးအဖွဲ့အစည်း တွေကိုထောက်ပံ့မယ့်အထူးပြန်ချေးငွေပထမတစ်သုတ်ကို တနင်္လာနေ့ကစပြီးထုတ်ပေးသွားမယ်လို့ တရုတ်ပြည်သူ့ဘဏ်ကပြောပါတယ်။
တစ်နိုင်ငံလုံးအနှံ့ရှိတဲ့ဘဏ် ၉ဘဏ်၊ ပြည်နယ်နဲ့မြို့ ၁၀ မြို့မှာရှိတဲ့ ဒေသအလိုက်ဘဏ်တွေဟာ အထူးထောက်ပံံ့ ငွေအတွက် အရည်အချင်းပြည့်မီတယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ လျူ ဂေါင်ကျန်းကပြောပါတယ်။ ဗိုင်းရပ်စ်စပြန့်ခဲ့တဲ့ဟူဘေးပြည်နယ်၊ ကျီကျန်း၊ ဂွမ်ဒေါင်း၊ မြို့တော်ဘေကျင်းနဲ့ ဘဏ္ဍာရေးအချက်အချာရှန်ဟိုင်းမြို့တို့ကလုပ်ငန်းတွေပါဝင်နေတာပါ။
ကုမ္ပဏီတွေကို နိုင်ငံအဆင့်နဲ့ဒေသအဆင့်ကူညီဖို့ရည်ရွယ်တာလို့လည်း လျူကပြောပါတယ်။ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအနေနဲ့ ငွေကိုသုံးသပ်ပြီး မြန်မြန်ချေးငွေထုတ်ချေးသင့်တဲ့အပြင် နှစ်ရက်အတွင်းထုတ်ချေးသင့်တယ်လို့လည်း တိုက်တွန်းပါတယ်။
ဖေဖေါ်ဝါရီ၁၀ရက် အထိဆိုရင် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၉၀၀ ကျော်နေပြီး ကူးစက်ခံရသူ ၃၉၈၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

ဥက္ကာ

ဥကၠာ
#thefifthwave#

No comments:

Post a Comment

My Blog List