Friday, February 14, 2020

COVID-19 ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၁၂၁ ဦး ထပ်တိုး၊ ဟူပေပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိနှစ်ဦး ရာထူးမှ ထုတ်ပယ်ခံရ

Image may contain: one or more people, people standing and outdoor
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံးသူ ၁၂၁ ဦး ထပ်တိုးခဲ့ကြောင်း တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင်က သောကြာနေ့(ဖေဖော်ဝါရီ ၁၄) မှာ ထုတ်ပြန် ပါတယ်။

သေဆုံးသူအများစုဟာ ထုံးစံအတိုင်း ရောဂါအပြင်းထန်ဆုံး ကူးစက်ဖြစ်ပွားနေတဲ့ ဟူပေပြည်နယ်နဲ့ ယင်းရဲ့ မြို့တော် ဝူဟန်တို့မှ ဖြစ်ကြောင်း သိရပါတယ်။ ဝူဟန်မြို့မှာ သေဆုံးသူ ၈၈ ဦးရှိခဲ့ပြီး ဟူပေ တစ်ပြည်နယ်လုံး ဆိုရင် သေဆုံးသူ ၁၁၆ ဦး ထပ်တိုးခဲ့တာဖြစ်တယ်လို့ ဟူပေ ကျန်းမာရေးကော်မရှင်က ပြောဆိုပါတယ်။
တဖန် အသစ်ထပ်တွေ့ခဲ့တဲ့ ပိုးကူးစက်သူအရေအတွက်မှာတော့ ဟူပေပြည်နယ်မှ ၄၈၂၃ ဦးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၅၀၉၀ ဦးရှိခဲ့ပါတယ်။ ယင်း အရေအတွက်ရဲ့ ငါးပုံ လေးပုံကလည်း ဝူဟန်မြို့မှ ဖြစ်ပါတယ်။
သောကြာနေ့ထုတ်ပြန်ချက်အရ တရုတ်ပြည်မကြီးမှာ ယင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၅၀၀ နီးပါးရှိသွားကာ ပိုးတွေ့လူနာ စုစုပေါင်းကတော့ ၆၀၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ယခု နောက်တိုး သေဆုံး၊ ပိုးတွေ့စာရင်းဟာ ယခင်ရက်က ရောဂါဖော်ထုတ်မှု နည်းသစ်အသုံးပြုစဉ် သေဆုံး၊ ပိုးတွေ့စာရင်း စံချိန်တင် အရေအတွက်ထက် သိသိသာသာ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။
ယခု ကူးစက်ရောဂါဖြစ်ပွားမှုဟာ တရုတ်နိုင်ငံရဲ့ အာဏာရ ကွန်မြူနစ်ပါတီအတွက် နှစ်များစွာအတွင်း အပြင်းထန်ဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားအင်အားကြီးနိုင်ငံအပေါ် အခက်ကြုံစေခဲ့သလို ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတွေ ထုတ်ပယ်ပစ်ရမှု ဖြစ်စေခဲ့ပါတယ်။
ပြည်နယ်ဆိုင်ရာ ကွန်မြူနစ်ပါတီ အကြီးအကဲ ကျန်ချိုလျန်းကို ဟူပေပြည်နယ်ဆိုင်ရာ ကော်မတီ အတွင်းရေးမှူးရာထူးမှ ထုတ်ပယ်လိုက်ပြီး ဝူဟန်မြို့ ပါတီအကြီးအကဲ မာကိုကျန်းကို ရာထူးမှ ဖယ်ရှား လိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရောဂါပိုးစတင်ကူးစက်ဖြစ်ပွားချိန်မှစကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူတွေအတွင်း ၎င်းတို့နှစ်ဦးက ရာထူးအမြင့်ဆုံးသူတွေဖြစ်ပါတယ်။
Image may contain: one or more people and people standing
Image may contain: one or more people, people standing and indoor
ကိုလင်း ( အကုန်သိ သတင်းဌာန ) 
Ref : CNA
<<< Unicode Version >>>
COVID-19 ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၁၂၁ ဦး ထပ်တိုး၊ ဟူပေပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိနှစ်ဦး ရာထူးမှ ထုတ်ပယ်ခံရ
------ ကိုလင်း ( အကုန်သိ သတင်းဌာန ) -------
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံးသူ ၁၂၁ ဦး ထပ်တိုးခဲ့ကြောင်း တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင်က သောကြာနေ့(ဖေဖော်ဝါရီ ၁၄) မှာ ထုတ်ပြန် ပါတယ်။
သေဆုံးသူအများစုဟာ ထုံးစံအတိုင်း ရောဂါအပြင်းထန်ဆုံး ကူးစက်ဖြစ်ပွားနေတဲ့ ဟူပေပြည်နယ်နဲ့ ယင်းရဲ့ မြို့တော် ဝူဟန်တို့မှ ဖြစ်ကြောင်း သိရပါတယ်။ ဝူဟန်မြို့မှာ သေဆုံးသူ ၈၈ ဦးရှိခဲ့ပြီး ဟူပေ တစ်ပြည်နယ်လုံး ဆိုရင် သေဆုံးသူ ၁၁၆ ဦး ထပ်တိုးခဲ့တာဖြစ်တယ်လို့ ဟူပေ ကျန်းမာရေးကော်မရှင်က ပြောဆိုပါတယ်။
တဖန် အသစ်ထပ်တွေ့ခဲ့တဲ့ ပိုးကူးစက်သူအရေအတွက်မှာတော့ ဟူပေပြည်နယ်မှ ၄၈၂၃ ဦးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၅၀၉၀ ဦးရှိခဲ့ပါတယ်။ ယင်း အရေအတွက်ရဲ့ ငါးပုံ လေးပုံကလည်း ဝူဟန်မြို့မှ ဖြစ်ပါတယ်။
သောကြာနေ့ထုတ်ပြန်ချက်အရ တရုတ်ပြည်မကြီးမှာ ယင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၅၀၀ နီးပါးရှိသွားကာ ပိုးတွေ့လူနာ စုစုပေါင်းကတော့ ၆၀၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ယခု နောက်တိုး သေဆုံး၊ ပိုးတွေ့စာရင်းဟာ ယခင်ရက်က ရောဂါဖော်ထုတ်မှု နည်းသစ်အသုံးပြုစဉ် သေဆုံး၊ ပိုးတွေ့စာရင်း စံချိန်တင် အရေအတွက်ထက် သိသိသာသာ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။
ယခု ကူးစက်ရောဂါဖြစ်ပွားမှုဟာ တရုတ်နိုင်ငံရဲ့ အာဏာရ ကွန်မြူနစ်ပါတီအတွက် နှစ်များစွာအတွင်း အပြင်းထန်ဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားအင်အားကြီးနိုင်ငံအပေါ် အခက်ကြုံစေခဲ့သလို ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတွေ ထုတ်ပယ်ပစ်ရမှု ဖြစ်စေခဲ့ပါတယ်။
ပြည်နယ်ဆိုင်ရာ ကွန်မြူနစ်ပါတီ အကြီးအကဲ ကျန်ချိုလျန်းကို ဟူပေပြည်နယ်ဆိုင်ရာ ကော်မတီ အတွင်းရေးမှူးရာထူးမှ ထုတ်ပယ်လိုက်ပြီး ဝူဟန်မြို့ ပါတီအကြီးအကဲ မာကိုကျန်းကို ရာထူးမှ ဖယ်ရှား လိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရောဂါပိုးစတင်ကူးစက်ဖြစ်ပွားချိန်မှစကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူတွေအတွင်း ၎င်းတို့နှစ်ဦးက ရာထူးအမြင့်ဆုံးသူတွေဖြစ်ပါတယ်။



Ref : CNA

No comments:

Post a Comment

My Blog List