Monday, February 10, 2020

အစီရင်ခံစာပါအတိုင်းလွှတ်တော်တွင်ဆွေးနွေးပြီးအဆုံးအဖြတ်ရယူဆောင်ရွက်သင့်ဟု လေ့လာစိစစ်ရေးပူးပေါင်းကော်မတီအများစုသဘောထားမှတ်ချက်ပြု


Image may contain: 1 person, text
အစီရင်ခံစာပါအတိုင်းလွှတ်တော်တွင်ဆွေးနွေးပြီးအဆုံးအဖြတ်ရယူဆောင်ရွက်သင့်ဟု လေ့လာစိစစ်ရေးပူးပေါင်းကော်မတီအများစုသဘောထားမှတ်ချက်ပြုထားသည့်အကြောင်း ကော်မတီအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက ပြည်ထောင်စုလွှတ်တော်ထံ ယနေ့ အစီရင်ခံစာတင်ပြလိုက်သည်။
ဒေါက်တာမြတ်ဉာဏစိုးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေး၏ ၇၅ရာခိုင်နှုန်းကျော်က သဘောတူဆန္ဒမဲပေး၊ပြည်လုံးကျွတ်ဆန္ဒပွဲခံယူ မဲပေးခွင့်ရှိသူ၏ ထက်ဝက်ကျော်က ထောက်ခံလျှင်ပြင်၍ရသည့် ပုဒ်မများအကြောင်း၊ဆန္ဒခံယူပွဲလုပ်စရာမလိုဘဲ လွှတ်တော်တွင်း ၇၅ရာခိုင်နှုန်းကျော်က ဆန္ဒမဲပေးထောက်ခံလျှင် ပြင်၍ရသည့်အကြောင်းအရာများ၊တပ်နှင့်ကြံ့ခိုင်ရေးတင်ထားသည့် ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်းအပေါ် တွေ့ရှိချက်များအစရှိသည့်အကြောင်းအရာများကို လွှတ်တော်ထံ အစီရင်ခံ တင်ပြရင်း ကော်မတီဝင်အများစု၏သဘောထားမှတ်ချက်ကို တင်ပြခဲ့ခြင်းဖြစ်သည်။

ဒေါက်တာမြတ်ဉာဏစိုးက “ကျွန်တော်တို့ လွှတ်တော်ကြီးရဲ့အဆုံးအဖြတ်ရယူတဲ့အခါမှာ ကျွန်တော်တို့ ဒီအစီရင်ခံစာကို ပြုစုတင်ပြတဲ့အချိန်တုန်းက ၆၅၅ဦးရှိပါတယ်။ယနေ့အချိန်မှာတော့ အောင်လံမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ကြီး ဆုံးပါးသွားတဲ့အတွက် ၆၅၄ဦးပဲ ရှိပါတော့တယ်။ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၅ရာခိုင်နှုန်းဖြစ်တဲ့ ၄၉၁ဦးထက်ပိုမိုတဲ့ မဲရရင် ပြင်လို့ရပါတယ်”ဟု လွှတ်တော်ကို ထည့်သွင်းအစီရင်ခံတင်ပြခဲ့သည်။

ဒေါက်တာမြတ်ဉာဏစိုးက ဆန္ဒမဲပေးကြစဉ် လျှိုဝှက်မဲပေးမှုကိုသာ ဆောင်ရွက်ရန်လည်း အစီရင်ခံစာတင်ပြစဉ် ထည့်သွင်းပြောဆိုခဲ့သေးသည်။

ကော်မတီဝင် များထဲမှ ကော်မတီဝင်အချို့ဖြစ်သည့် ဗိုလ်မှူးချုပ်မောင်မောင်၊ဗိုလ်မှူးချုပ်တင့်လွင်၊ဒေါ်နန်းနီနီအေးနှင့်ဦးစတီဖန်တို့ကမူ အစုအဖွဲ့အလိုက်တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း တစ်ခုချင်းစီအလိုက် လွှတ်တော်တွင် သီးခြားဆွေးနွေးဆုံးဖြတ်ရန် သဘောထားမှတ်ချက်ပေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက က လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏အစီရင်ခံစာကို လက်ခံခဲ့ပြီး ဆွေးနွေးလိုသူများရှိပါက အမည်စာရင်းပေးကြရန် လွှတ်တော်ကိုပြောကြားခဲ့သည်

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List