Thursday, February 13, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးအတွက်တရုတ်နိုင်ငံသို့ မြန်မာလုပ်ငန်းရှင် အချို့က နှာခေါင်းစည်း ၃၆၀၀၀ လှူဒါန်း


Image may contain: text that says 'DVB FACE DISPOSABLE MASK SURGICAL'
ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေး ကူညီရန် မြန်မာနိုင်ငံ Young Insurance ကုမ္ပဏီနှင့် Htoo Thit ကုမ္ပဏီတို့က တစ်ခါသုံး နှာခေါင်းစည်း ၃၆,၀၀၀ ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ယမန်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။အဆိုပါလှူဒါန်းမှုကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ယာယီတာဝန်ခံက လက်ခံခဲ့သည်။
တရုတ်နိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်း ရပ်စ်ရောဂါဖြစ်ပွားမှု အခြေအနေ အတွက် မြန်မာနိုင်ငံအနေဖြင့် ထပ်တူထပ်မျှ ခံစားရပြီး ရောဂါ တိုက်ဖျက်ရေး တစ်တပ်တစ်အား ပါဝင်လိုသဖြင့် လှူဒါန်းခြင်းဖြစ် ကြောင်း Young Insurance ကုမ္ပဏီ တာဝန်ရှိပုဂ္ဂိုလ် ဦးသီဟ အောင်က ပြောသည်။

ထိုသို့လှူဒါန်းခြင်းကို များ စွာကျေးဇူးတင်ရှိကြောင်းနှင့် မြန် မာနိုင်ငံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အားပေးကူညီ မှုအောက်တွင် အဆိုပါ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လျင်မြန် စွာ ဆောင်ရွက်နိုင်မည်ဟု ယုံ ကြည်ကြောင်း တရုတ်သံရုံး ယာ ယီတာဝန်ခံက ပြောသည်။

ဝူဟန်မြို့မှ စတင်ဖြစ်ပွား သည့် အဆိုပါရောဂါသည် တရုတ်နိုင်ငံတွင် လူ ၄၀,၀၀၀ ကျော် ကူးစက်ခံစားနေရပြီး အခြား အိမ်နီးချင်းနိုင်ငံအချို့သို့ ရောဂါပိုးများ ပျံ့နှံ့နေသည်။ထို့ကြောင့် မြန်မာနိုင်ငံတွင် ယင်းရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်နိုင်ရန် တောင်ကိုရီးယားနိုင်ငံ Gammun Sam-sung ကျန်းမာရေးအဖွဲ့အစည်းက ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ ၁,၀၀၀ နှင့် နှာခေါင်းစည်းများကို မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထား သည်။

ထို့အပြင် ဖေဖော်ဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ဒေါ်လာ ၁၆,၅၀၀ တန်ဖိုးရှိ တစ်ကိုယ်ရေသုံး ရောဂါ ကာကွယ်ရေးဝတ်စုံ ၂၅၀၊ ပါးစပ် နှင့် နှာခေါင်းစည်း ၅,၀၀၀ တို့ကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနထံ လှူဒါန်းခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြည်သူများသို့ နှာ ခေါင်းစည်းငါးသန်း ဖြန့်ဝေမည် ဖြစ်ကြောင်း ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဖေဖော်ဝါရီ ၈ ရက်က မန္တလေး မြို့တွင် ပြုလုပ်သည့် မီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းပွဲ၌ ပြော ကြားထားသည်။
Ref-7day
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးအတွက်တရုတ်နိုင်ငံသို့ မြန်မာလုပ်ငန်းရှင် အချို့က နှာခေါင်းစည်း ၃၆၀၀၀ လှူဒါန်း
Thursday , February 13 , 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေး ကူညီရန် မြန်မာနိုင်ငံ Young Insurance ကုမ္ပဏီနှင့် Htoo Thit ကုမ္ပဏီတို့က တစ်ခါသုံး နှာခေါင်းစည်း ၃၆,၀၀၀ ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ယမန်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။အဆိုပါလှူဒါန်းမှုကို မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီ တာဝန်ခံက လက်ခံခဲ့သည်။

တရုတ်နိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်း ရပ်စ်ရောဂါဖြစ်ပွားမှု အခြေအနေ အတွက် မြန်မာနိုင်ငံအနေဖြင့် ထပ်တူထပ်မျှ ခံစားရပြီး ရောဂါ တိုက်ဖျက်ရေး တစ်တပ်တစ်အား ပါဝင်လိုသဖြင့် လှူဒါန်းခြင်းဖြစ် ကြောင်း Young Insurance ကုမ္ပဏီ တာဝန်ရှိပုဂ္ဂိုလ် ဦးသီဟ အောင်က ပြောသည်။

ထိုသို့လှူဒါန်းခြင်းကို များ စွာကျေးဇူးတင်ရှိကြောင်းနှင့် မြန် မာနိုင်ငံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အားပေးကူညီ မှုအောက်တွင် အဆိုပါ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လျင်မြန် စွာ ဆောင်ရွက်နိုင်မည်ဟု ယုံ ကြည်ကြောင်း တရုတ်သံရုံး ယာ ယီတာဝန်ခံက ပြောသည်။

ဝူဟန်မြို့မှ စတင်ဖြစ်ပွား သည့် အဆိုပါရောဂါသည် တရုတ်နိုင်ငံတွင် လူ ၄၀,၀၀၀ ကျော် ကူးစက်ခံစားနေရပြီး အခြား အိမ်နီးချင်းနိုင်ငံအချို့သို့ ရောဂါပိုးများ ပျံ့နှံ့နေသည်။ထို့ကြောင့် မြန်မာနိုင်ငံတွင် ယင်းရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်နိုင်ရန် တောင်ကိုရီးယားနိုင်ငံ Gammun Sam-sung ကျန်းမာရေးအဖွဲ့အစည်းက ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ ၁,၀၀၀ နှင့် နှာခေါင်းစည်းများကို မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထား သည်။

ထို့အပြင် ဖေဖော်ဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ဒေါ်လာ ၁၆,၅၀၀ တန်ဖိုးရှိ တစ်ကိုယ်ရေသုံး ရောဂါ ကာကွယ်ရေးဝတ်စုံ ၂၅၀၊ ပါးစပ် နှင့် နှာခေါင်းစည်း ၅,၀၀၀ တို့ကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနထံ လှူဒါန်းခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြည်သူများသို့ နှာ ခေါင်းစည်းငါးသန်း ဖြန့်ဝေမည် ဖြစ်ကြောင်း ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဖေဖော်ဝါရီ ၈ ရက်က မန္တလေး မြို့တွင် ပြုလုပ်သည့် မီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းပွဲ၌ ပြော ကြားထားသည်။
Ref-7day

No comments:

Post a Comment

My Blog List