Tuesday, February 11, 2020

နတ်မောက်မြို့တွင် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ ဖွင့်ပွဲအခမ်းအနားကျင်းပ


Image may contain: outdoor
မကွေးခရိုင်၊ နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရင်ပြင်မှာ ဖေဖော်ဝါရီ(၁၀)ရက် ညနေပိုင်းက (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။ အခမ်းအနားကို လူဝန်မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်တင်လင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ၊"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်း" နာယက ဒေါ်မြလေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အဲဒီနောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နတ်မောက်ကွန်ရက်ပရဟိတလူမှုအကျိုးပြု အသင်းကို အလှူငွေတွေပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေက အမှတ်တရလက်ဆောင်ပစ္စည်းတွေပြန်လည်ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းသူကျောင်းသားတွေနဲ့ ယင်းချောင်း လရောင်အငြိမ့်အဖွဲ့က အခမ်းအနားတက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ မကွေးတိုင်းဒေသကြီးအစိုးအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ဧည့်ခံဖျော်ဖြေခဲ့ပါတယ်။ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကပွဲ၊ ပြိုင်ပွဲ တွေ၊ မြန်မာ့ရိုးရာ နွားလှည်းယဉ်ပြိုင်ပွဲတွေကို ဖေဖော်ဝါရီ(၁၃)ရက်အထိကျင်းပသွားမှာပါ။ 
Image may contain: 1 person, outdoor
Image may contain: 1 person, standing
Image may contain: one or more people and outdoor
သတင်း-လှိုင်ဘွား(မြို့သစ်)

No comments:

Post a Comment

My Blog List