Monday, February 10, 2020

ဓာတ်ဆီလောင်မီးရှို့ခြင်းခံခဲ့ရသည့်မိန်းကလေး ရန်ကုန်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေစဉ် သေဆုံး

Image may contain: 1 person, sitting, shoes, outdoor and nature

ကွာရှင်းထားသည့် ခင်ပွန်းဟောင်းက ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခြင်းခံခဲ့ရသည့် တောင်ဒဂုံမြို့နယ်မှ မိန်းကလေး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်း၌ ကွယ်လွန်ခဲ့သည်။

"မနက်ကျတော့အမေက ငါးနာရီထိုးလောက်က ဖုန်းဆက်တယ်၊ ညီမလေးအသက်မရှိတော့ဘူးလို့ ဖုန်းဆက်တယ်။ အစ်ကိုအသက်တော့မမီလိုက်ဘူး။ မနေ့ကအိမ်ပြန်ဖြစ်တယ် သက်သာနေပီဆိုတော့ စိတ်ချရတဲ့ပုံစံဆိုတော့ အစာပိုက်လည်းမနေ့ကသွင်းတယ်။ အခုတော့ ရေခဲတိုက်မှာ၊ ၁၁ ရက်နေ့ကျရင် ရေဝေးမှာသဂြိုဟ်မယ်။ မြေချဂူသွင်းဖို့လုပ်ထားတယ်၊ သူ့ကိုမီးနဲ့မသဂြိုဟ်တော့ဘူး ဘာလို့လဲဆိုရင် သူမသေခင်မှာကတည်းက အပူလောင်ဒဏ်ရာတွေနဲ့ဆိုတော့ ကိုယ်တို့အယူအဆပေါ့လေ မီးသဂြိုဟ်သူပူလောင်နေမလားဆိုပြီး ခံစားနေရမှာစိုးလို့" ကိုအောင်အောင်ဦး (မိသားစုဝင်)ကပြောပါတယ်။
ကွယ်လွန်သူမလွင်မာဦးကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ရေဝေးသုသာန်၌ ဂူသွင်းသဂြိုဟ်မည်ဖြစ်ပြီး ကျူးလွန်သူ စိုးသူရ(ခ)စိုးကြီးအား တောင်ဒဂုံမြို့နယ်ရဲစခန်းတွင် (ပ) ၁၈၇၊ အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ခဲ့ပြီး ကျူးလွန်ခံရသူမှာသေဆုံးသွားပြီဖြစ်၍ လူသတ်မှုဖြင့် ထပ်မံစွဲဆိုသွားမည်ဟု သိရသည်။
[Unicode]
ဓာတ်ဆီလောင်မီးရှို့ခြင်းခံခဲ့ရသည့်မိန်းကလေး ရန်ကုန်ဆေးရုံကြီးတွင်ဆေးကု သမှုခံယူနေစဥ် သေဆုံး
...................................................................................

ကွာရှင်းထားသည့် ခင်ပွန်းဟောင်းက ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့​ခြင်းခံခဲ့ရသည့် တောင်ဒဂုံမြို့နယ်မှ မိန်းကလေး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်း၌ ကွယ်လွန်ခဲ့သည်။
"မနက်ကျတော့အမေက ငါးနာရီထိုးလောက်က ဖုန်းဆက်တယ်၊ ညီမလေးအသက်မရှိတော့ဘူးလို့ ဖုန်းဆက်တယ်။ အစ်ကိုအသက်တော့မမီလိုက်ဘူး။ မနေ့ကအိမ်ပြန်ဖြစ်တယ် သက်သာနေပီဆိုတော့ စိတ်ချရတဲ့ပုံစံဆိုတော့ အစာပိုက်လည်းမနေ့ကသွင်းတယ်။ အခုတော့ ရေခဲတိုက်မှာ၊ ၁၁ ရက်နေ့ကျရင် ရေဝေးမှာသဂြိုဟ်မယ်။ မြေချဂူသွင်းဖို့လုပ်ထားတယ်၊ သူ့ကိုမီးနဲ့မသဂြိုဟ်တော့ဘူး ဘာလို့လဲဆိုရင် သူမသေခင်မှာကတည်းက အပူလောင်ဒဏ်ရာတွေနဲ့ဆိုတော့ ကိုယ်တို့အယူအဆပေါ့လေ မီးသဂြိုဟ်သူပူလောင်နေမလားဆိုပြီး ခံစားနေရမှာစိုးလို့" ကိုအောင်အောင်ဦး (မိသားစုဝင်)ကပြောပါတယ်။
ကွယ်လွန်သူမလွင်မာဦးကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ရေဝေးသုသာန်၌ ဂူသွင်းသဂြိုဟ်မည်ဖြစ်​ပြီး ကျူးလွန်သူ စိုးသူရ(ခ)စိုးကြီးအား တောင်ဒဂုံမြို့နယ်ရဲစခန်းတွင် (ပ) ၁၈၇၊ အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ခဲ့ပြီး ကျူးလွန်ခံရသူမှာသေဆုံးသွားပြီဖြစ်၍ လူသတ်မှုဖြင့် ထပ်မံစွဲဆိုသွားမည်ဟု သိရသည်။
#peoplemedia

No comments:

Post a Comment

My Blog List