Tuesday, February 11, 2020

မြို့သာဆေးခြောက်စိုက်ခင်းအမှုမှ စွပ်စွဲခံရသူ မရွှန်းလဲ့မြတ်နိုး တရားရှင်လွတ်

Image may contain: 3 people, people standing and outdoor
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန် မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်း ဆေးခြောက် စိုက်ပျိုးသည်ဆိုကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ) ၊ ၂၁ စသည့် ပုဒ်များဖြင့် မြင်းခြံခရိုင်တရားရုံး၌ တရားစွဲဆို စစ်ဆေးခံနေရသူများထဲမှ ၁ ဦးဖြစ်သည့် စွပ်စွဲခံရသူ မရွှန်းလဲ့မြတ်နိုးကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၃(၁) အရ တရားရှင်လွှတ်ကြောင်း ခရိုင်တရားသူကြီး ဦးဟန်သိန်းက ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြုလုပ်သည့် ရုံးချိန်းတွင် အမိန့်ချလိုက်သည်။

အဆိုပါ အမှုတွင် ဖမ်းဆီးခံထားရသူ ၁ ဦးဖြစ်သည့် ကိုရှိန်းလတ်ကိုမူ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၆(က)နှင့်၂၀(က) တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချခဲ့သည်။
Image may contain: 4 people, people standing and outdoor
Image may contain: one or more people
ဧရာဝတီ

No comments:

Post a Comment

My Blog List