Monday, February 10, 2020

ရခိုင်အမျိုးသားပါတီမှဒေါ်ခင်စောဝေ၏ လွှတ်တော်တွင်းပြောဆိုဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်


Image may contain: 3 people, text
အမျိုးသားပညာရေးမူဝါဒကော်မရှင်က တင်သွင်းသည့် အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ရခိုင်အမျိုးသားပါတီမှဒေါ်ခင်စောဝေဆွေးနွေးချက်များထဲမှ စကားစုတစ်ခုကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ယနေ့တွင်ကြေညာသည်။
ဒေါ်ခင်စောဝေက ပညာရေးအကြောင်းဆွေးနွေးစဉ် ရခိုင်မှတိုက်ပွဲများအကြောင်း ထည့်သွင်းပြောဆိုဆွေးနွေးခဲ့ရာ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက မတ်တပ်ရပ်ထကန့်ကွက်ခဲ့ပြီး လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးပါရန် နာယကကိုတောင်းဆိုခဲ့သည်။

ထိုစကားရပ်များကို လွှတ်တော်က စိစစ်ခဲ့ရာ လွှတ်တော်ဆိုင်ရာနည်းဥပဒေများနှင့်ကိုက်ညီခြင်းမရှိသည်ကို တွေ့ရှိရကြောင်း နာယကက လွှတ်တော်ကိုပြောခဲ့သည်။

ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ရခိုင်မှ စစ်ပွဲရှောင်စခန်းဆိုသည့် ပြောဆိုမှုကို တပ်ကိုယ်စားလှယ်က စစ်ပွဲရှောင်ဟု မသုံးဘဲ တိုက်ပွဲရှောင်ဟု သုံးနှုန်းရန်လည်း ထိုစဉ်က ပြောဆိုခဲ့သည်။

ဒေါ်ခင်စေဝေက ရခိုင်ရသေ့တောင်မြို့နယ်ထဲရှိ စာသင့်ကျောင်းတစ်ခုကို တပ်မတော်စစ်ကြောင်းတစ်ခုက တပ်စွဲခဲ့သည့် အတွက် ယခုတိုင် ကျောင်းမဖွင့်နိုင်သေးသည့်အကြောင်း၊မည်သည့်လက်နက်ကိုင်အဖွဲ့မဆို စာသင်ကျောင်းတွင် တပ်မစွဲသင့်ကြောင်း၊ရခိုင်ပြည်နယ်ထဲရှိ စစ်ရှောင်စခန်းများအတွက်လည်း ပညာရေးမူဝါဒ ချပေးသင့်ကြောင်း ပညာရေးမူဝါဒကော်မရှင်၏အစီရင်ခံစာအပေါ်ဆွေးနွေးစဉ်ထည့်သွင်း ပြောဆိုဆွေးနွေးခဲ့သည်ဟုသိရသည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List