Friday, February 14, 2020

ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မိဘမဲ့က​လေးများကို အာဟာရ ကျွေးမွေးခြင်း အခမ်းအနားသို့ တက်ရောက်

Image may contain: 6 people, people sitting

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိ်မ်းအမှတ်အဖြစ် အာဟာရ ကျွေးမွေးခြင်း အခမ်းအနားသို့တက်ရောက်သည်။

အခမ်းအနားတွင် ခဝဲခြံမျက်မမြင်ကျောင်း(ငြိမ်းချမ်းရေးတွဲလက်များ) ဂီတအဖွဲ့ က “ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုတေး” နှင့် “မငြိမ်းချမ်းလို့ မဖြစ်ဘူး” တေးသီချင်းတို့ဖြင့် ဂုဏ်ပြုနှုတ်ဆက် ဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ အထိ်မ်းအမှတ်အမှာစကား ပြောကြားရာတွင် ယနေ့သည် မိမိဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ဖြစ်သည်ကို အားလုံးသိကြပြီးဖြစ်ပါကြောင်း၊ မိဘမဲ့ကလေးများသည် မိဘ၏တန်ဖိုးကို ပို၍သိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက ဖခင်မဲ့ခဲ့ရကြောင်း၊ ဖခင် မဲ့ရသည့် အခြေအနေကို ကိုယ်တိုင်သိရှိရပါကြောင်း၊ ယခုကဲ့သို့ မိမိဖခင်၏ မွေးနေ့တွင် မိဘမဲ့ကလေးများကို အာဟာရကျွေးမွေးရသည့်အတွက် ဝမ်းသာပါကြောင်း၊ ကလေး ငယ်များအတွက်လည်း တန်ဖိုးရှိသည့်အခမ်းအနားတစ်ခု ဖြစ်စေလိုကြောင်း၊ ခဝဲခြံမှ အစ်ကို အစ်မများ သီချင်းများကို သီဆိုသွားကြသည်မှာ များစွာကောင်းမွန်လှပါ ကြောင်း၊ လူတိုင်း လူတိုင်းတွင် အင်အားရှိပါကြောင်း၊ တစ်နေရာတွင် အားနည်းသည့် အတွက် တခြားနေရာတွင် အားနည်းမသွားပါကြောင်း၊ လူတိုင်း လူတိုင်းတွင် အားရှိပြီး လူတိုင်း လူတိုင်းတွင် ကြိုးစားနိုင်သည့် အခွင့်အရေးရှိသည်ကို မှတ်သားစေလိုပါ ကြောင်း၊ ကလေးငယ်များကို စိတ်အားမငယ်ဘဲ စိတ်ဓာတ်ခိုင်မာစေလိုပါကြောင်း၊ မိမိတို့၏ အားနည်းချက်များကို အားသာချက်များအဖြစ် ပြောင်းလဲရန်၊ ဘဝတွင် ပျော်ပျော်ရွှင်ရွင် နေထိုင်ရန်၊ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆွေကောင်းများကဲ့သို့ ချစ်ခင်ကြရန် လိုအပ်ပါကြောင်း၊ အားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့လိုချင်သည့် အရာများ ဘဝတစ်လျှောက်လုံး ရကြပါစေဟု ဆုတောင်းမေတ္တာ ပို့သပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
Image may contain: 3 people, people sitting and child
Myanmar Harp

No comments:

Post a Comment

My Blog List