Thursday, February 13, 2020

AA အကြမ်းဖက်သောင်းကျန်းသူများက ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာနှင့် တောင်ဘွယ်(မူ)ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်

No photo description available.
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာနှင့် တောင်ဘွယ်(မူ) ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူ များက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်တောင်ကျေးရွာနေ မစန်းစန်းဌေး(ဘ) ဦးကြင်လှနှင့် တောင်ဘွယ်(မူ)ကျေးရွာနေသူ များဖြစ်သော မောင်ရေဟာနော်ဒိန်(ဘ) ဦးရော်ဟိမူဒိန်၊ မဆွာအေမာ (ဘ)ဦးမာဘုနှင့် မဘီဘီအာရှာ(ဘ)ဦးရှေဘိဘရ်တို့တွင် လက်နက်ကြီးစ ထိမှန် ဒဏ်ရာများရရှိခဲ့ကြသည်။

AAအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်စစ်ကြောင်း များနှင့် ထိတွေ့တိုက်ခိုက်ချိန်များတွင်လည်း ပြည်သူလူထု ထင်ယောင် ထင်မှားဖြစ်အောင် ကျေးရွာ များအတွင်းသို့ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့်ပစ်ခတ်လျက်ရှိခြင်းကြောင့် ဇန်နဝါရီ ၂၅ ရက်တွင် ကင်းတောင်ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက် ကွဲ ခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသား ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ သည်။ ဘင်္ဂါလီကျေးရွာ အနီး မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့မှုကြောင့် ဇန်နဝါရီ ၇ ရက်တွင် ထိပ်တူ ပေါက်ကျေးရွာမှ ကလေးငယ် ၄ ဦးသေဆုံး ကာ ကျောင်းဆရာအပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ထို့ပြင် ဘင်္ဂါလီရွာများအား ၎င်းင်းတို့ ထောင်သောမိုင်းများကိုစောင့်ကြည့်ရန်နှင့် မတော်တဆ ပေါက်ကွဲမှုဖြစ်ပါက လျော်ကြေးငွေများပေးလျော် ရမည်ဖြစ်ကြောင်း ကိုလည်း အတင်းအဓမ္မ ခြိမ်းခြောက်ခိုင်းစေမှုများ ပြုလုပ်ခြင်း၊ ကျေးရွာနေအမျိုးသမီးများကို မုဒိမ်းကျင့်ရန် ကြိုးစားပြီး ရိုက်နှက် နှိပ်စက်ခြင်းများကိုလည်း ဇန်နဝါရီ ၃၁ ရက်တွင် သိန်းတန်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ၎င်းင်းအပြင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင်လည်း ရသေ့တောင်မြို့နယ်၊ လွမ်းတောင်(ဘင်္ဂါလီ)ကျေးရွာသို့ AAအကြမ်းဖက်သောင်းကျန်း သူများရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ နေအိမ်၊ ဆိုင်ခန်းများ ဖျက်ဆီးခြင်း၊ လက်ဝတ် ရတနာနှင့် ငွေ၊ တိရစ္ဆာန်များ အတင်းအဓမ္မ ယူဆောင်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

AA အကြမ်းဖက်သောင်းကျန်းသူများက ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာနှင့် တောင်ဘွယ်(မူ)ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်
--- --- ---

No comments:

Post a Comment

My Blog List