Friday, February 14, 2020

AA အဖွဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား/သူ (၂၀)ဒဏ်ရာရှိကြောင်း တပ်မတော်ထုတ်ပြန်

Image may contain: 5 people, people standing
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၃ ရက်နေ့နံနက် ၈ နာရီခန့်တွင် အုပ်တောင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ခမီးချောင်း ကျေးရွာ၏ တောင်ဘက် မီတာ ၁၂၀၀ ခန့်အကွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်းက လိုက်စစ်ဆင်၍ တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခမီးချောင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ စာသင်ကျောင်းရှေ့တွင် ဆော့ကစားနေသည့် ကျောင်းသား ၁၄ ဦးနှင့် ကျောင်းသူ ၆ ဦး၊ စုစုပေါင်း ၂၀ ဦး တို့ လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
အဆိုပါ လက်နက်ကြီးကျည်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်ရှိ တပ်တွင်းဆေးခန်း၌ လိုအပ်သည့်ဆေးကုသမှုများဆောင်ရွက်ပေးကာ ၎င်းတို့အနက်မှ ၅ ဦးကို ဘူးသီး တောင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး ဘူးသီးတောင်တပ်နယ်မှ တပ်မတော် အရာရှိကြီးများက သွားရောက် ကြည့်ရှုကာလိုအပ်သည် များကူညီဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်မှ ယနေ့ည (၉:၄၅)၌ ထုတ်ပြန်ထားသည်။
[Unicode]
AA အဖွဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား/သူ (၂၀)ဒဏ်ရာရှိကြောင်း တပ်မတော်ထုတ်ပြန်


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေ သော တပ်မတော် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၃ ရက်နေ့နံနက် ၈ နာရီခန့်တွင် အုပ်တောင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ခမီးချောင်း ကျေးရွာ၏ တောင်ဘက် မီတာ ၁၂၀၀ ခန့်အကွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်းက လိုက်စစ်ဆင်၍ တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခမီးချောင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ စာသင်ကျောင်းရှေ့တွင် ဆော့ကစားနေသည့် ကျောင်းသား ၁၄ ဦးနှင့် ကျောင်းသူ ၆ ဦး၊ စုစုပေါင်း ၂၀ ဦး တို့ လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
အဆိုပါ လက်နက်ကြီးကျည်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်ရှိ တပ်တွင်းဆေးခန်း၌ လိုအပ်သည့်ဆေးကုသမှုများဆောင်ရွက်ပေးကာ ၎င်းတို့အနက်မှ ၅ ဦးကို ဘူးသီး တောင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး ဘူးသီးတောင်တပ်နယ်မှ တပ်မတော် အရာရှိကြီးများက သွားရောက် ကြည့်ရှုကာလိုအပ်သည် များကူညီဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်မှ ယနေ့ည (၉:၄၅)၌ ထုတ်ပြန်ထားသည်။
#peoplemedia

No comments:

Post a Comment

My Blog List