Monday, February 10, 2020

စစ်တွေမြို့၊ မင်းဂံဆိပ်ကမ်းအနီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် ရီမုမိုင်းနှစ်လုံး သိမ်းဆည်းရမိ

Image may contain: outdoor

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်းရှိ တပ်မတော်သားများ အတွက် ရောက်ရှိလာသော ရိက္ခာများကို တင်ဆောင်၍ ထွက်ခွာလာသည့် ယာဉ်တန်းကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့၊ မင်းဂံဆိပ်ကမ်း၏ တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာသို့ အရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ကားလမ်း၏ ၀ဲ/ယာဘက်မှ ရီမုမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်

တိုက်ခိုက်မှုကြောင့် လူ/ယာဉ် တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း သိရှိရသည်။ အဆိုပါနေရာတစ်ဝိုက်အား တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက အသေးစိတ် ရှင်းလင်းစစ်ဆေးစဉ် ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၁၂ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ရီမုမိုင်းနှစ်လုံးအား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ပြီး ခရီးသွား ပြည်သူ လူထုများ အန္တရာယ် ကင်းရှင်းနိုင်ရေး အတွက် ရီမုမိုင်းနှစ်လုံးအား သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်းနှင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
No photo description available.
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

စစ်တွေမြို့၊ မင်းဂံဆိပ်ကမ်းအနီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် ရီမုမိုင်းနှစ်လုံး သိမ်းဆည်းရမိ
--- --- ---

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်းရှိ တပ်မတော်သားများ အတွက် ရောက်ရှိလာသော ရိက္ခာများကို တင်ဆောင်၍ ထွက်ခွာလာသည့် ယာဉ်တန်းကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့၊ မင်းဂံဆိပ်ကမ်း၏ တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာသို့ အရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ကားလမ်း၏ ဝဲ/ယာဘက်မှ ရီမုမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် လူ/ယာဉ် တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း သိရှိရသည်။ အဆိုပါနေရာတစ်ဝိုက်အား တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက အသေးစိတ် ရှင်းလင်းစစ်ဆေးစဉ် ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၁၂ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ရီမုမိုင်းနှစ်လုံးအား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ပြီး ခရီးသွား ပြည်သူ လူထုများ အန္တရာယ် ကင်းရှင်းနိုင်ရေး အတွက် ရီမုမိုင်းနှစ်လုံးအား သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်းနှင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List