Thursday, February 13, 2020

နတခ တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးအား စရခချုပ်အဖြစ် တာဝန်ပေးအပ်


အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲ ဝင်းဦးအား တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ပေးအပ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုသည်။

ယခင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြီးအကဲဖြစ်သူ စရခချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး အပ်ခြင်းခံရ၍ လစ်လပ်နေသည့် စရခချုပ်နေရာတွင် ဗိုလ်ချုပ်ရဲ ဝင်းဦးအား ခန့်အပ်တာဝန်ပေး ခြင်းဖြစ်သည်။
 ‘‘သူ့အရည်အချင်းနဲ့သူ တက်တာပါပဲ။ တပ်မတော်မှာက၊ အကုန်လုံးက အဖွဲ့အစည်းနဲ့ ဆုံးဖြတ်တယ်။ အရည်အချင်း၊ အရည်အသွေးနဲ့ ဆုံးဖြတ်တယ်။ အဖွဲ့အစည်းလိုက်ပဲ ဆုံးဖြတ်တာ စ်ပါတယ်’’ဟု ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက တပ်မတော်၏ ရာထူးတာဝန်ပေးအပ်မှုအခြေအနေနှင့်ပတ်သက်ပြီး ပြောသည်။
တပ်မတော်ထောက်လှမ်း ရေးကို ဖျက်သိမ်းပြီးနောက် ၂၀၀၄ တွင် ဖွဲ့စည်းသည့် စစ် ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အ နေဖြင့် တပ်မတော်၏ စစ်မှုထမ်း လုံခြုံရေး၊ စစ်သတင်းလုံခြုံရေး၊ စစ်လက်နက်ပစ္စည်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ လုံခြုံရေးကို အဓိကဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်သည်။
နတခ တိုင်းမှူးမှ စရခချုပ် အဖြစ် တာဝန်ပေးအပ်ခြင်းခံရ သည့် ဗိုလ်ချုပ်ရဲဝင်းဦးသည် ယ ခင်က အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူးအဖြစ်လည်း ကောင်း၊ တပ်မတော်ဆေးတက္က သိုလ် ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်း ဆောင်ခဲ့သည်ဟု အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦး စီး ဗိုလ်မှူးကြီး အောင်ဆန်းလွင် ကပြောသည်။
ဗိုလ်ချုပ်ရဲဝင်းဦးသည် ဖေ ဖော်ဝါရီ ၁၁ ရက်တွင် နေပြည် တော်သို့ ထွက်ခွာသွားပြီဖြစ် ကြောင်း၊ နတခ တိုင်းမှူးအဖြစ် တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ တာဝန်ယူနေပြီဖြစ် ကြောင်း ဗိုလ်မှူးကြီး အောင်ဆန်း လွင်က ပြောသည်။
ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ သည် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (မိုးကောင်း) တွင် တာ ဝန်ယူခဲ့သည်။ ထို့နောက် တပ်မ တော်ဆေးတက္ကသိုလ် ကျောင်း အုပ်ကြီး၊ ယင်းမှတစ်ဆင့် နတခ တိုင်းမှူးဖြစ်လာသည်။
စရခချုပ်ဖြစ်လာသည့် ဗိုလ် ချုပ် ရဲဝင်းဦးသည် ဗိုလ်သင်တန်း ကျောင်း ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၇၇ (OTS-၇၇) မှ ဖြစ်ပြီး  နတခ တိုင်းမှူး ဗိုလ်မှူး ချုပ် ညွန့်ဝင်းဆွေသည် စစ်တက္က သိုလ်အပတ်စဉ်-၃၆(DSA-၃၆) မှ ဖြစ်သည်ဟု ဗိုလ်မှူးကြီး အောင်ဆန်းလွင်က ပြောသည်။
ယခင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ အား မူလစစ်ဘက်တာဝန်များ ပြန်လည် ထမ်းဆောင်စေပြီး နောက် ပြည်ထဲရေးဝန်ကြီးသစ် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် သည် တပ် မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်ကြောင်း နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူ အချို့က သုံးသပ် သည်။ ယခုနှစ်ပိုင်းအတွင်း တပ် မတော်အနေဖြင့် ရာထူးတာဝန် အပြောင်းအလဲများစွာ ပြုလုပ် ခဲ့ရာ ၂၀၁၇ နှစ်လယ်က ဗိုလ် ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့် အရာရှိ ၁၆ ဦးကို ရာထူး၊ ဌာန အပြောင်းအရွှေ့များ ပြုလုပ် ခဲ့သည်။  ၂၀၁၈ တွင် တိုင်းမှူးတာ ဝန် ရှစ်နေရာနှင့် နိုင်ငံတော်ကာ ကွယ်ရေးတက္ကသိုလ် ကျောင်း အုပ်ကြီးတာဝန် အပြောင်းအလဲ များပြုလုပ်ခဲ့သည်။  
တပ်မတော်၌ တာဝန်ပေး အပ်မှုများနှင့် ပတ်သက်ပြီး အ သက်ကြီးသည်၊ ငယ်သည်ဟူ၍ မရှိဘဲ အရည်အချင်းနှင့် အဆင့် အပေါ်မူတည်ပြီး ပေးအပ်ခြင်း ဖြစ်ကြောင်း  ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။
7Day

No comments:

Post a Comment

My Blog List