Friday, February 14, 2020

ပုဂံဘုရားပေါ်၌ လိင်ဆက်ဆံသည့်စုံတွဲကို ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းနေ

Image may contain: one or more people
ပုဂံရှေးဟောင်း နယ်မြေအတွင်းရှိ စေတီတစ်ဆူပေါ်တွင် လိင်ဆက်ဆံခဲ့သည့် နိုင်ငံခြားသားစုံတွဲကို အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲသာဖြစ်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုသုတေသနဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က အောက်ပါအတိုင်းပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖေါ်ဝါရီလ ၁၃ ရက်က အကုန်သိသတင်းဌနြ၏ ဆက်သွယ်မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ဘယ်သူဘယ်ဝါလဲ ၊ ဘယ်နိုင်ငံကလဲ၊ ဘယ်အချိန်က ဖြစ်ခဲ့တယ်ဆိုတာကို စုံစမ်းနေတုန်းပဲရှိပါသေး။ ကျန်တာ တော့ ဘာမှမသိရသေးပါဘူး ” ဟု ၎င်းက ပြောသည်။
နိုင်ငံခြား ခရီးသွားဟု ယူဆရသည့် စုံတွဲတစ်တွဲက ပုဂံဘုရားအမှတ် ၁၅၇၄ ပေါ်တွင် လိင်ဆက်ဆံနေသည့် ရုပ်သံဖိုင်များ ပျံ့နှံ့ နေခြင်းဖြစ်ပြီး အသေးစိတ်အချက်အလက်များ စုံစမ်းသိရှိပါက ဥပဒေအရအရေးယူသွားမည်ဟုလည်း ညောင်ဦးမြို့နယ် အမှှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောသည်။
“ သူတို့ဘယ်သူတွေလဲဆိုတာကို လိုက်လံစုံစမ်းနေပါတယ်။ သူတို့ကို ဖမ်းမိတာနဲ့ ကျွန်တော်တို့ ဥပဒေအရ အရေးယူသွားမှာ ပါ။ တကယ်တော့ ဘုရားမြေပေါ်မှာ ဒီလိုမလုပ်သင့်ပါဘူး ” ဟု ညောင်ဦးမြို့နယ် အမှှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောသည်။
အဆိုပါ နိုင်ငံခြားသားစုံတွဲ လိုင်ဆက်ဆံနေသည့် ရုပ်သံများသည် ပြီးခဲ့သည့် နှစ်ကရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း Face book လူမှုကွန်ရက်တွင် ရေးသားထားမှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံမှာ ပုဂံရှေးဟောင်းနယ်မြေသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလက ယူနက်စကိုဝင်ခဲ့သည့် သမိုင်းဝင် ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုလည်း ဖြစ်သည်။
Image may contain: sky, cloud and outdoor
ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
ပုဂံဘုရားပေါ်၌ လိင်ဆက်ဆံသည့်စုံတွဲကို ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းနေ
------ ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန ) -----
ပုဂံရှေးဟောင်း နယ်မြေအတွင်းရှိ စေတီတစ်ဆူပေါ်တွင် လိင်ဆက်ဆံခဲ့သည့် နိုင်ငံခြားသားစုံတွဲကို အရေးယူနိုင်ရန် စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေဆဲသာဖြစ်ကြောင်း ရှေးဟောင်းယဉ်ကျေးမှု သုတေသနဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင် အောင်ကျော်က အောက်ပါအတိုင်းပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖေါ်ဝါရီလ ၁၃ ရက်က အကုန်သိသတင်းဌနြ၏ ဆက်သွယ်မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ဘယ်သူဘယ်ဝါလဲ ၊ ဘယ်နိုင်ငံကလဲ၊ ဘယ်အချိန်က ဖြစ်ခဲ့တယ်ဆိုတာကို စုံစမ်းနေတုန်းပဲရှိပါသေး။ ကျန်တာ တော့ ဘာမှမသိရသေးပါဘူး ” ဟု ၎င်းက ပြောသည်။
နိုင်ငံခြား ခရီးသွားဟု ယူဆရသည့် စုံတွဲတစ်တွဲက ပုဂံဘုရားအမှတ် ၁၅၇၄ ပေါ်တွင် လိင်ဆက်ဆံနေသည့် ရုပ်သံဖိုင်များ ပျံ့နှံ့ နေခြင်းဖြစ်ပြီး အသေးစိတ်အချက်အလက်များ စုံစမ်းသိရှိပါက ဥပဒေအရအရေးယူသွားမည်ဟုလည်း ညောင်ဦးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောသည်။
“ သူတို့ဘယ်သူတွေလဲဆိုတာကို လိုက်လံစုံစမ်းနေပါတယ်။ သူတို့ကို ဖမ်းမိတာနဲ့ ကျွန်တော်တို့ ဥပဒေအရ အရေးယူသွားမှာ ပါ။ တကယ်တော့ ဘုရားမြေပေါ်မှာ ဒီလိုမလုပ်သင့်ပါဘူး ” ဟု ညောင်ဦးမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်စိန်က ပြောသည်။
အဆိုပါ နိုင်ငံခြားသား စုံတွဲ လိုင်ဆက်ဆံနေသည့် ရုပ်သံများသည် ပြီးခဲ့သည့် နှစ်ကရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း Face book လူမှုကွန်ရက်တွင် ရေးသားထားမှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံမှာ ပုဂံရှေးဟောင်းနယ်မြေသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလက ယူနက်စကိုဝင်ခဲ့သည့် သမိုင်းဝင် ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုလည်း ဖြစ်သည်။

No comments:

Post a Comment

My Blog List