Thursday, February 13, 2020

ထိုးသတ်ရန် စိန်ခေါ်လာသည့် ဒတ်ခ်ျ လူမျိုး အားကစားသမား နှင့် ထိုးသတ်ရန် အောင်လအန်ဆန်း သဘောတူ

ဒတ်ခ်ျ လူမျိုး တိုက်ခိုက်ရေး သမား Reinier '''The Dutch Knight ''' De Ridderနှင့် ထိုးသတ်ရန် အောင်လအန်ဆန်း မှ ဖေဖော်ဝါရီ (၁၂) ရက်နေ့က သဘောတူ စာချုပ် အား လက်မှတ် ရေးထိုးလိုက်ကြောင်း ၎င်း၏ လူမှု့ ကွန်ယက် စာမျက်နှာ တွင် ဖော်ပြထားသည်။

အဆိုပါ ဒတ်ခ်ျ လူမျိုး တိုက်ခိုက်ရေး သမား Reinier '''The Dutch Knight ''' De Ridderသည် ဖေဖော်ဝါရီ ၇ ရက် နေ့က အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာ တွင် ထိုးသတ်သည့် ONE Championship -Warrior's Code ပြိုင်ပွဲ တွင် ဘရာဇီး အားကစား သမား အား ရမှတ်ဖြင့် အနိုင်ယူ ပြီးနောက် အောင်လအန်ဆန်း အား စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စိန်ခေါ်ပွဲ နှင့် ပတ်သက်ပြီး မိမိအနေဖြင့် အကောင်းဆုံး လေ့ကျင့် ပြီး ယှဉ် ပြိုင်သွားမည် ဖြစ် ကြောင်း ၎င်း ၏ လူမှု့ကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
လက်ရှိ တွင် ထိုးသတ်မည့် နေ့၊ အချိန်ကို ONE CHAMPIONSHIP မှ ကြေညာ ထားခြင်း မရှိသေးကြောင်း သိရသည်။
အဖြူရောင်
Isee Media

No comments:

Post a Comment

My Blog List