Tuesday, February 11, 2020

ဒုတိယကမ္ဘာစစ်အတွင်း၌ မြန်မာနိုင်ငံ၌ ကျဆုံးခဲ့သည့် အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများရှာဖွေရန် မုံရွာသို့ C-17 ရောက်ရှိ

Image may contain: airplane and sky
မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြပြီးပြန်လည်မတွေ့ရှိသေးတဲ့ အမေရိကန်စစ်သည် ၇၃၃ ဦးရဲ့ရုပ်ကြွင်းတွေရှိနေပါသေးတယ်။

ရုပ်ကြွင်းရှာဖွေရေးနဲ့ပြန်လည်သယ်ယူပို့ဆောင်ရေးအဖွဲ့ Defense POW / MIA Accounting Agency ဟာဒီရုပ်ကြွင်းတွေပြန်လည်ရှာဖွေပို့ဆောင်ရေးအတွက်ဆောင်ရွက်တာဖြစ်ပါတယ်။
မကြာသေးခင်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာဘက်မှာ ရုပ်ကြွင်းတွေရှာဖွေနိုင်ရေးအတွက် C-17 လေယာဉ်တစ်စီးဆိုက်ရောက်ခဲ့ပြီး ရှာဖွေရာမှာ လိုအပ်တဲ့လူတွေ၊ ပစ္စည်းကိရိယာတွေ ပို့ဆောင်ပေးခဲ့ပါသေးတယ်။
Image may contain: airplane and sky
ကိုးကား-မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး

No comments:

Post a Comment

My Blog List