Tuesday, February 11, 2020

နာဆာနှင့် ကာကွယ်ရေးသုတေသနဆိုင်ရာ လုပ်ငန်းများတွင် ဘတ်ဂျက်ပိုသုံးသွားရန် သမ္မတ ထရမ့် အဆိုပြု


Image may contain: 3 people
နာဆာနဲ့ ကာကွယ်ရေးသုတေသနဆိုင်ရာ လုပ်ငန်းတွေမှာ ငွေကြေးပိုမိုသုံးစွဲသွားဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ၂၀၂၁ ခုနှစ် ဘတ်ဂျက်မှာ အဆိုပြုထားပါတယ်။
သမ္မတထရမ့်ဟာ နိုင်ငံခြားအကူအညီပေးမှုတွေကနေ ဒေါ်လာ ဘီလီယံပေါင်းများစွာ ဖြတ်တောက်ပြီး နာဆာနဲ့ ကာကွယ်ဆိုင်ရာသုတေသနလုပ်ငန်းတွေမှာ ငွေကြေးပိုမိုအသုံးပြုဖို့ အဆိုပြုခဲ့တာပါ။ နိုင်ငံခြားအကူအညီပေးမှု တွေ လုပ်ဆောင်ဖို့ လျာထားတဲ့ ဒေါ်လာ ၄၄.၁ ဘီလီယံကနေ ၂၁ ရာခိုင်နှုန်း ဖြတ်တောက်သွားဖို့ သမ္မတထရမ့်က စီစဉ်နေပါတယ်။ ကွန်ဂရက်ကို ပေးပို့ခဲ့တဲ့ ဘတ်ဂျက်အဆိုပြုမှုတွေမှာ ကာကွယ်ရေးဘတ်ဂျက်အဖြစ် ဒေါ်လာ ၇၄၀.၅ ဘီလီယံ ခွင့်ပြုဖို့ သမ္မတထရမ့်က တောင်းဆိုထားပါတယ်။ အနာဂတ်စစ်ပွဲတွေကို ရင်ဆိုင်နိုင်ဖို့ သုတေသန လုပ်ငန်းတွေနဲ့ တီထွင်ဖန်းတီးရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်ဖို့နဲ့ နျူကလီးယားလက်နက်တွေအတွက် ငွေကြေးပိုမိုသုံးစွဲသွားဖို့အတွက် အခုကာကွယ်ရေးဘတ်ဂျက်ပမာဏကို တောင်းဆိုထားတာပါ။ ကာကွယ်ရေး ဘတ်ဂျက်ထဲမှာ ပါဝင်တဲ့ သုတေသနလုပ်ငန်းနဲ့ တီထွင်ဖန်တီးရေးဘတ်ဂျက်ဟာ နှစ် ၇၀ အတွင်း ကာကွယ်ရေး ဝန်ကြီးဌာနအတွက် အဲ့ဒီအပိုင်းမှာ အများဆုံးဘတ်ဂျက်ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ စစ်အင်အား ကြီးထွား လာမှုတွေကို ရင်ဆိုင်ဖို့ အဆင့်မြင့်လက်နက်တွေ ပိုမိုထုတ်လုပ်နိုင်ရေး အမေရိကန်စစ်ဌာနချုပ်က ပြင်ဆင်နေပါ တယ်။
Source - Reuters

No comments:

Post a Comment

My Blog List