Saturday, December 05, 2015

သဘောတူညီချက်အချို့ ချမှတ်နိုင်၍ တိုင်ရီဆန္ဒပြအလုပ်သမား ၉၀၀ကျော် အလုပ်ပြန်ဆင်းမည်


တိုင်ရီစက်ရုံအလုပ်ရှင်၊ အလုပ်သမား ၊ဝန်ကြီးဌာနတို့ ဒုတိယအကြိမ်အဖြစ် သုံးပွင့်ဆိုင်ဆွေးနွေးအပြီး အပြုသဘောဆောင်သည့် သဘောတူညီချက် အချို့ကိုချမှတ်နိုင်ခဲ့ သောကြောင့် ဆန္ဒပြအလုပ်သမား ၉၀၀ကျော် အလုပ်ပြန်ဆင်းကြမည် ဟု အလုပ်သမားရေးရာ ဝန်ကြီးဌာန မှ ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။
အလုပ်သမားအဖွဲ့စည်း ဥပဒေတွင် ပါဝင်သည့် လုပ်ပိုင်ခွင့် ရပိုင်ခွင့်များ ကိုမရ ရှိဟုဆိုကာ ဆန္ဒပြတောင်းဆိုနေသည့် တိုင်ရီအလုပ်သမားအဖွဲ့သည် သဘောတူညီချက် ၇ချက်ကို သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လာမည့် နိုဝင်ဘာ ၇ရက်နေ့တွင် အချိုးတူကိုယ်စားလှယ်များပါဝင်သည့် သုံးကြိမ် မြောက်ဆွေးနွေးရန် သဘောတူလက်မှတ်ထိုးခဲ့ကြောင်း ဦးထင်အောင်က ပြောသည်။

တိုင်ရီအလုပ်သမားအဖွဲ့အစည်းအနေဖြင့် တောင်းဆိုသည့် အချက်များကို အားလုံးမရရှိသေးသော်လည်း အပြုသဘောဆောင်သည့် အနေဖြင့် အလုပ်ပြန်လည်ဆင်းမည်ဖြစ်ပြီး ဆက်လက် ဆွေးနွေးရာတွင် သဘော တူညီမှု မရရှိသေးသည့် အချက်များကို ၂၀၁၂အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့် အညီ အဆင့်ဆင့်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်ရီအလုပ်သမားသမဂ္ဂဥက္ကဌ ဒေါ်မိုးဝေက ပြောသည်။

အချက် ၇ချက်ပါရှိသည့် သဘောတူစာချုပ်ကို တိုင်ရီအလုပ်သမားအဖွဲ့မှ ၇ဦး အလုပ်ရှင်ဘက်မှ ၃ဦးနှင့် ဝန်ကြီးဌာနဘက်မှ ဒုဝန်ကြီး ဦးထင်အောင် က ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီး လာမည့် ဒီဇင်ဘာ ၇ရက်နေ့ မနက် ၉ နာရီခွဲ အချိန်တွင် လှိုင်သာယာစက်မှု့ဇုန်ရှိ ကနောင်ခမ်းမတွင်ဆက်လက် ဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List