Monday, November 30, 2015

အနိုင်ရလွှတ်တော်အမတ်များ ကိုယ်ကျိုးရှာဖို့ ကြိုးစားပါကထောင်ထဲသို့ ရောက် သွားလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး


ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များအနေဖြင့် ကိုယ်ကျိုးရှာဖို့ ကြိုးစားလာပါက ထောင်ထဲသို့သာ ရောက်သွားလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောဆိုလိုက်သည်။ ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ နိုဝင်ဘာ ၂၈ ရက်ကပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် ပြု လုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ အနိုင်ရ အ မတ်များ တွေ့ဆုံပွဲတွင် ယင်းက ပြောဆိုခဲ့ ခြင်း ဖြစ်သည်။
''ဒီချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင် ပြီး အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ် များ အနေဖြင့် ကိုယ်ကျိုးရှာဖို့ ကြိုးစားမယ် ဆိုရင် ချမ်းသာလာမှာတော့ မဟုတ်ဘူး၊ ထောင်ထဲ ရောက်သွားမယ်ဆိုတဲ့အကြောင်း၊ အဲဒီလိုလူတွေကို အဖွဲ့ချုပ်ကနေ အရေးယူ မယ်ဆိုတဲ့အကြောင်း ပြတ်ပြတ်သားသား သတိပေး သွားပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုး သားလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင် ပြီး အနိုင်ရခဲ့သည့် တရားလွှတ်တော်ရှေ့ နေ ဦးဌေးဦး(စိန်ဂျွန်း)က ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲအနိုင် ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ် များအနေဖြင့် အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်း စုကြည်၏ နိုင်ငံရေးဂုဏ်သိက္ခာကို အသိ အမှတ်ပြုကာ ပြည်သူလူထုက ဆန္ဒမဲပေးခဲ့ ခြင်းကို နားလည်ထားကြရန် အဖွဲ့ချုပ်နာ ယကဦးတင်ဦးကလည်း သတိပေး ပြောဆို ခဲ့ပါသည်။

အဖွဲ့ချုပ်နာယက ဦးတင်ဦးက ''ဒီလိုအခါမှာ ကျွန်တော်တို့အဖွဲ့ဝင်တွေ ဟာ အခုအောက်ခြေမှာ ပေါ့ပေါ့တန်တန် ပဲ လုပ်ကြတာ ရှိပါတယ်။ အင်မတန်မှ နိုင် ငံရေးသိက္ခာ ကြီးမားလို့သာလျှင် ဥက္ကဋ္ဌရဲ့ ခေါင်းဆောင်မှုနဲ့ ကျွန်တော်တို့ ကော်မတီ ဝင်တွေက ဝိုင်းဝန်းပြီး လုပ်ကိုင်ပေးလို့သာ လျှင် အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ နိုင်ငံရေးသိက္ခာကို သိလို့ အင်မတန်ကို မွန်မြတ်လို့ ပေးလိုက်ကြတယ် ဆိုတာကို နားလည်ထားပြီးတော့ ကိုယ်က လဲပဲ မှိန်းလိုက်နေတာ မဟုတ်ဘဲနဲ့ ကိုယ့် ဘက်ကလဲ ဝိုင်းဝန်းပြီး လုံးပန်းကြရမှာ ဖြစ် တယ်ဆိုတာကို မှာချင်ပါတယ်''ဟု အဆို ပါ တွေ့ဆုံပွဲ မိန့်ခွန်းပြောကြားစဉ် ထည့် သွင်း ပြောဆိုခဲ့သည်။

ထို့အပြင် အောင်မြင်သူများ၏ မာန်မာနမျိုး၊ အမှားအမှန်မျိုးများကို ဖျောက် ဖျက်ပြီး ဆင်ခြင်တုံရှိသည့် မာန်မာနများ ကို ပြန်လည်တည်ဆောက်ကာ တစ်ဖက်သား တို့အပေါ် လေးလေးနက်နက် ဆက်ဆံသင့် ကြောင်းနှင့် ပြည်သူလူထုလိုချင်သည့် ပြောင်း လဲမှုများကို တစ်စထက်တစ်စ တိကျစွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြဖို့ ¤င်းက တိုက်တွန်းခဲ့သည်။

''ခင်ဗျားတို့ ဘာတွေပြောင်းလဲ ပေးမှာလဲဆိုတဲ့ အမေးဟာ လာပါလိမ့်မယ်။ ဒီတော့ ခင်ဗျားတို့ ဘယ်လောက်ကြိုးစားရ မလဲဆိုတော့ အများကြီး ကြိုးစားရမှာ ဖြစ် ပါတယ်။ အများကြီး ပြင်စရာတွေရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ လုပ်ရမယ့် အလုပ်ဟာ မသေးပါဘူး။ ပြီးတော့ ကျွန်တော်တို့ြေ<ွကး ကြော်ထားတာကလဲ ဘယ်လို နိုင်ငံတော် ကို တည်ထောင်မှာလဲဆိုရင် ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတာက လဲပဲ ပြည်သူလူထုရဲ့ခေါင်းထဲမှာ တိုင်းရင်း သားတွေရဲ့ ခေါင်းထဲမှာ စွဲမြဲဖို့လိုပါတယ်''ဟု ဦးတင်ဦးက ဆက်ပြောသည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်တွင် ၄၇၅ နေရာ စုစုပေါင်း ၈၆၅ နေရာ အနိုင်ရရှိထားကြောင်း သိရသည်။

(Flower News Journal, Vol-11, No-46)

No comments:

Post a Comment

My Blog List