Wednesday, December 02, 2015

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှု ခေါင်းစဉ်နှစ်ခုနဲ့ဆွေးနွေးခဲ့


နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့သီးသန့်တွေ့ဆုံမှုကို နံနက် ၉နာရီမှ၉:၄၅မိနစ်ထိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်မှာတွေ့ဆုံခဲ့ပါတယ်။ "ယနေ့တွေ့ဆုံပွဲမှာ နှစ်ဖက်စလုံးက အသွင်ကူးပြောင်းရေးအတွက် ဘယ်လိုချဉ်းကပ်ဆောင်ရွက်ကြမလဲဆိုတာကိုဆွေးနွေး ခဲ့တယ်။"လို့ သမ္မတပြောရေးဆိုခွင့်ရှိသူပြည်ထောင်စုဝန်ကြီး ဦးရဲထွဠ်ကပြောပါတယ်။
ဘယ်လိုဆောင်ရွက်မှုတွေနဲ့ပူးပေါင်းမလဲဆိုတာကိုတော့ အသေးစိတ်ပြောလို့မရသေးဘူး၊အချိန်ပေါ်မူတည်ပြီးထုတ်ပြန်ပေးမယ်လို့လည်းဆိုပါတယ်။

အစိုးရအဖွဲ့နဲ့ NLD ကြား ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖွင့်ထားပြီးဘယ်လိုလုပ်မယ်ဆိုတာကိုတော့ပေါ်ပေါက်လာမယ့်အရေးကိစ္စအပေါ် ညှိနှိုင်းဆောင်ရွက်ဖို့သဘောတူခဲ့တယ်လို့လည်းသိရပါတယ်။

Author - ချိုဇင်မာဝင့်
Kumudra


No comments:

Post a Comment

My Blog List