Monday, November 30, 2015

ဘန်ကောက်တွင် ပြန်ပေး ဆွဲခံရသည့် မြန်မာလင်မယား နှစ်ဦးအနက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ပြန်လွတ်လာ ၊ ပြန်ပေးဆွဲသူ သုံးဦး အနက် နှစ်ဦးကို ဖမ်းမိထား


ဘန်ကောက် မှ တက္ကစီငှားစီးလာသည့်မြန်မာလင် မယားနှစ်ဦးအနက် အမျိုးသားဖြစ် သူအားရိုက်နှက် လုယက်ပြီး ကိုယ် ဝန်ဆောင် အမျိုးသမီးဖြစ်သူကို တက္ကစီသမားများက အတင်း အကျပ် ခေါ်ဆောင် သွားမှု၌ ပြစ်မှုကျူးလွန် သူ သုံးဦးအနက် နှစ်ဦးကို ဖမ်းဆီး ထားနိုင်ကြောင်း ထိုင်းနိုင်ငံအခြေ စိုက်သတင်းဌာနများ၏ ဖော်ပြ ချက်များအရ သိရသည်။
နိုဝင်ဘာ၂၉ ရက် သတင်းများ အရ ဖမ်းဆီးခံခဲ့ရသည့်အမျိုးသမီး ဖြစ်သူ မအိအိမိုးကပြန်လည်လွတ် မြောက် လာပြီဖြစ်ပြီး ပြစ်မှု ကျူးလွန် သူများအနက် နိုင်ချာလီနိုခေါင်၊ နိုင်ဆလာဝပ်တို့ကို ဖက်ချဘွန်းခရိုင် မှာ ဖမ်းဆီးရမိခဲ့ကာ နောက်ထပ် တစ်ဦးဖြစ်သူ နိုင်အာနွန်းမှာမူ လွတ် မြောက်နေသေး၍ လိုက်လံရှာဖွေ လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာ ၂၈ရက်နေ့တွင် ထိုင်းနိုင်ငံပထုန် ဌာနီခရိုင်အတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက်၃ဝအရွယ် ရှိကိုသိန်း စိုးဆိုသူနှင့် အသက်၂၂နှစ်အရွယ် ရှိ မအိအိမိုးတို့လင်မယားနှစ်ဦးတို့ သည် ထိုင်းနိုင်ငံမဲဆောက်မြို့ မှ ဘန် ကောက်မြို့ သို့ ရောက်ရှိပြီးနောက်တက္ကစီငှားစီးခဲ့စဉ် ထိုင်းတက္ကစီသမား များက ယင်းကဲ့သို့ ရိုက်နှက်လုယက်ခံ ရခြင်းဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်မှု ခံရခြင်းဖြစ်ကြောင်း ထိုင်းရတ်သတင်း ဌာန၏ဖော်ပြချက်အရ သိရသည်။

၎င်းတို့ငှားစီးလာသည့် ထိုင်း ကားသမားများမှ ပထုန်ဌာနီခရိုင် အတွင်းရှိ လမ်းခုလပ်တစ်နေရာအ ရောက်တွင်ကားပေါ်သို့ အမျိုးသား နှစ်ဦးကိုထပ်မံခေါ်တင်ခဲ့ပြီး ကိုသိန်း စိုးကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကာပစ္စည်း များကိုယူ၍ အမှိုက်ပုံတွင်ပစ်ထား ခဲ့ပြီး မအိအိမိုးကိုခေါ်ဆောင်သွား ခဲ့ခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ခံရသူ ကိုသိန်းစိုးက ပထုန်ဌာနီရဲစခန်းတွင် ထွက်ဆိုချက် ပေး ခဲ့ကြောင်း လည်း ထိုင်းရတ်သတင်းဌာနတွင် ဖော်ပြ ထားသည်။

အမှိုက်ပုံတွင် ရိုက်နှက် စွန့်ပစ် ခံရသည့်ကိုသိန်းစိုးကိုအနီးရှိ ဒေသခံ များကတွေ့ရှိသဖြင့် ရဲစခန်းသို့ အ ကြောင်းကြားပေးခဲ့ သဖြင့် အခင်းဖြစ် နေရာသို့တာဝန်ရှိသူများ လာရောက် စစ်ဆေးစဉ်ဖြစ်စဉ်နှင့် ပတ်သက်၍ ကိုသိန်းစိုးက ယခုကဲ့သို့ပြန် လည်ပြော ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုသိန်းစိုးထွက်ဆိုချက်တွင် ''ဟန်းဖုန်း၊ ဘတ်ငွေ၆၀ဝနဲ့အလုပ် သမားပတ်စ်ပို့တွေကို ကားသမား တွေလုသွားတဲ့အပြင် ကိုယ်ဝန်ဆောင် တာ နှစ်လရှိပြီဖြစ်တဲ့ ကျွန်တော် အမျိုးသမီးကိုလည်း အတင်းအကျပ် ခေါ်ဆောင်သွားပါတယ်''ဟု ထွက် ဆိုထားကြောင်း ထိုင်းရတ်သတင်း ဌာနက ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ ထိုင်းနိုင်ငံဘန်ကောက်မြို့မှဒေါ် စန်းစန်းတင့်က ''တရားခံကို မိသွား ပြီလို့ နေ့လယ် ၁၂ နာရီလောက်က သတင်းတက်လာတာတော့ တွေ့ လိုက်ရတယ်။ ဖမ်းဆီးခံရတဲ့ အမျိုး သမီးကို ပြန်ကယ်နိုင်တယ်လို့လည်း သိရတယ်။ အသေးစိတ်ကိုတော့မသိ သေးဘူး''ဟု ပြောသည်။

ယင်းကဆက်လက်၍ ထိုင်းနိုင်ငံ တွင် အဆိုပါဖြစ်စဉ်ကဲ့သို့ လုယက်မှု၊ ရိုက်နှက်ခံရမှု၊ တရားဝင်အထောက် အထားရှိသော် လည်း ငွေညှစ်တောင်း ခံရမှုအစရှိသည့် ဖြစ်စဉ်များသည် မကြာခဏဖြစ်ပွားလေ့ရှိပြီး အမှုမှန် ပေါ်ခြင်းမရှိခဲ့ကြောင်းလည်း ထိုင်း နိုင်ငံတွင် မြန်မာနိုင်ငံသားများနေ ထိုင်ရသည့် အခြေအနေများကို ပြောသည်။

ZCH
#Democracytoday

No comments:

Post a Comment

My Blog List