Friday, December 04, 2015

ဘန်ကောက် ဗုံးပေါက်ကွဲမှု သံသယရှိသူ တူရကီတွင် ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူ ထိုင်းလင်မယားကို တူရကီမှာ ဖမ်းဆီးထားတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ ဗုံးခွဲတယ်လို့ သံသယရှိသူတွေကို အခန်းငှားထားတဲ့ ထိုင်းအမျိုးသမီး ၀မ်နာဆူဆန်နဲ့ ခင်ပွန်းကို တူရကီမှာ ဖမ်းဆီးထားတာ ဖြစ်ပေမယ့် တခြား အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဒီလင်မယား ဖမ်းဆီးထားတာကိုတော့ တရားဝင် အကြောင်းကြားတာ မရှိဘူးလို့ ဒီဇင်ဘာ ၃ ရက်က ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

သတင်းသာမှန်ရင် သူက အကြောင်းကြားမှုကို လက်ခံရမှာ ဖြစ်သလို နိုင်ငံခြားရေး ၀န်ကြီးဌာနက တူရကီနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရကတော့ တူရကီရှိ ထိုင်းသံရုံးကတော့ ၀န်ကြီးဌာနကို ဒီစုံတွဲ ဖမ်းဆီးထားတဲ့အကြောင်း ထုတ်ပြောတာ မရှိဘူးလို့ ပြောပါတယ်။

ထိုင်းလက်ထောက်ရဲချုပ်က ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူတွေကို နိုင်ငံရပ်ခြားမှာ ဖမ်းဆီးထားပြီလို့ ထုတ်ဖော်ပြောဆိုခဲ့အပြီး ခန့်မှန်းမှုတွေ မြင့်တက်လာပါတယ်။

စက်တင်ဘာလက ထိုင်းရဲတပ်ဖွဲ့က သံသယရှိသူ ၂၂ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးဖို့ ထိုင်းရဲတပ်ဖွဲ့က ၀ရမ်းထုတ်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List