Friday, December 04, 2015

ပါရီ ရာသီဥတုဆိုင်ရာညီလာခံ တိုးတက်မှု အားတက်စရာကောင်းဟု ဘန်ကီမွန်း ပြော


ပါရီ ရာသီဥတုဆိုင်ရာ ညီလာခံမှာ ဖြစ်ထွန်းတိုးတက်မှုတွေဟာ အားတက်စရာ ကောင်းတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆိုပါတယ်။ ကုလသမဂ္ဂက ကြီးမှူးကျင်းပနေတဲ့ ညီလာခံမှာ ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးက တက်ရောက်နေကြတာပါ။
ဒီညီလာခံကနေ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ဖို့ လက်တွေ့ လုပ်ငန်းစဉ်တွေကို ချမှတ်ရေး ရည်ရွယ်ပါတယ်။

နယူးယော့ခ်မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ ဘန်ကီမွန်းက စီးပွားရေး အင်အားကြီး နိုင်ငံတွေက ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့ ကတိပြုထား ကြသလို ဆင်းရဲပြီး အားနည်းတဲ့ နိုင်ငံတွေကို ဘဏ္ဍာရေးအရ အထောက် အပံ့ပေးဖို့ ကတိပြုတဲ့ နိုင်ငံတွေလည်း ရှိလာတယ်လို့ ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးကိုလည်း ကာဗွန်ထုတ်လွှတ်မှု နည်းပါးတဲ့ အခြေအနေ မျိုးဖြစ်အောင် ဆွဲတင်နေတယ်လို့ ဆိုပါတယ်။

ပါရီညီလာခံမှာ သဘောတူညီမှုမူကြမ်း ရေးဆွဲရာမှာ ညှိနှိုင်းပေးဖို့ ပြင်သစ်မြို့တော်ကို နောက်တခေါက် ထပ်သွားမယ်လို့လည်း ဘန်ကီမွန်းက ပြောပါတယ်။

ပါရီညီလာခံ သဘောတူညီချက်ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး အတွက် ချမ်းသာတဲ့ နိုင်ငံတွေရော၊ ဆင်းရဲတဲ့နိုင်ငံတွေအတွက်ပါ မဖြစ်မနေ လိုက်နာရမယ့် သမိုင်းဝင် သဘောတူညီချက်တခု ဖြစ်လာဖွယ် ရှိပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အဲဒီ ဖန်လုံအိမ်ဓာတ်ငွေ့တွေဟာ ကမ္ဘာကြီးကို လွှမ်းခြုံထားပြီး ကမ္ဘာ့အပူချိန်ကို မြင့်တက်စေကာ ကမ္ဘာ့ရာသီဥတုကို ဆင့်ကဲဆင့်ကဲ ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List