ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအ လုပ်အမှုဆောင် ကော်မတီကို ၂၀၁၆ အတွင်း ပြန်လည်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘အဲဒီအခါကျရင် လူငယ် တွေကို နေရာပေးမယ်’’ဟု SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်း ညွန့်လွင်က ပြောသည်။
ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီအစည်းအဝေး ကို နိုဝင်ဘာ ၂၈ ရက်က ရှမ်းပြည် နယ်မြောက်ပိုင်း ကျောက်မဲမြို့ တွင် ပြုလုပ်ခဲ့သည်။
‘‘အာဏာရပါတီနဲ့ နိုင်ငံရေး အရ သဘောတူညီချက်အရင်ယူ မယ်။ ငြိမ်းချမ်းရေးကိစ္စမှာပါဝင် ဆောင်ရွက်ဖို့ညှိနှိုင်းမယ်။ ဒီနှစ်ခု ကို အရင်လုပ်ပြီးမှ ကျန်တာတွေ ဆက်စဉ်းစားမယ်’’ဟု ဦးစိုင်းညွန့် လွင်က ပါတီ၏သဘောထားကို ပြောသည်။
ပါတီအနေဖြင့် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်နှင့်ကော င်းမွန် သော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားပြီး လက်တွဲဆောင်ရွက်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။
ဗဟိုအလုပ် အမှုဆောင် ကော်မတီ၏အစည်းအဝေးဆုံး ဖြတ်ချက်တစ်ခုမှာ အနိုင်ရလွှတ် တော်ကိုယ်စားလှယ်များက ပါတီ ၏ပြည်နယ်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အ တွင်းရေးမှူးရာထူးများကို စွန့် လွှတ်ရမည်ဆိုသည့်အချက်ဖြစ် သည်။
‘‘လွှတ်တော်ကိုယ်စားလှယ် ကလည်း သူ့အလုပ်သူလုပ်နိုင်ပြီး ဥက္ကဋ္ဌကလည်း သူ့မြို့နယ်အလုပ် ကို သူ နိုင်နိုင်နင်းနင်းလုပ်နိုင် အောင်လို့ပါ။ ဒါပေမဲ့ သူတို့က ပူး ပေါင်းပြီးတော့ လုပ်ဆောင်ရမှာ ပေါ့’’ဟု ဗဟိုကော်မတီဝင်တစ်ဦး က ပြောသည်။
ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ရွေး ကောက်ပွဲပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ကျောက်မဲမြို့ တွင် ပြုလုပ်လျက်ရှိပြီး အစည်း အဝေးဒုတိယနေ့ဖြစ်သော နိုဝင် ဘာ ၂၉ ရက်၌ လွှတ်တော်ရေး ရာကော်မတီနှင့် အမျိုးသမီးလုပ် ငန်းဆိုင်ရာ ကော်မတီတို့ကို ဖွဲ့ စည်းခဲ့ကာ ဥပဒေရေးရာကော်မတီကို မွမ်းမံဖွဲ့စည်းခဲ့သည်။
ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်သည် ဗဟိုအလုပ် အမှုဆောင်ကော်မတီကို ၂ နှစ် လျှင် တစ်ကြိမ် ပြန်လည်ဖွဲ့စည်း ကြောင်း ပါတီမှ သိရသည်။ ပါတီ တွင် လက်ရှိ၌ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ ၁၁ ဦး တာဝန် ယူလျက်ရှိသည်။
7day
No comments:
Post a Comment