Tuesday, December 01, 2015

မြန်မာအစိုးရသစ်နှင့် အခြေအတင် ဖြစ်စေမည့် ရှုပ်ထွေးသည့် ကိစ္စများကို ခဏဘေးဖယ်ထားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိ ပြောကြား


မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ ၂ နိုင်ငံ ဆက်ဆံရေး မြှင့်တင်နိုင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ထားသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆိုသည်။ ပြသ၁နာဖြစ်စေသော ဘင်္ဂါလီအရေးကဲ့သို့ ကိစ္စရပ်များ ကို ရှောင်ရှားကာ ၂ နိုင်ငံ ဆက်ဆံရေးကို အာရုံစိုက်သွားမည်ဖြစ်ပြီး ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် စွမ်းအင်ကဏ္ဍနှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အစိုးရဟာ ပူးပေါင်းဆောင်ရွက်ဖို့ ပိုမိုလွယ်ကူတဲ့ စွမ်းအင်နဲ့ မဟာဗျူဟာကိစ္စရပ်တွေကို ဦးစားပေး ဆောင်ရွက်လိုပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက မြန်မာ အစိုးရသစ်ရဲ့ ဦးစားပေးမှုနဲ့ ခံယူချက်ပေါ်မှာ မူတည်ပါတယ်။ လာမယ့် တစ်နှစ်တာဟာ ဘင်္ဂလားဒေ့ရှ်- မြန်မာ ဆက်ဆံရေးရဲ့ နက်ရှိုင်းမှုကို ဆုံးဖြတ်ရာမှာ အလွန်အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။

၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရာတွင် အဓိကကြုံတွေ့ရသည့် ပြသ၁နာမှာ အစိုးရချင်း ယုံကြည်မှု လျော့နည်းနေခြင်း ဖြစ်သည်ဟု ထိုအရာရှိက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြားအရာရှိတစ်ဦးက “ဒီအခြေအနေမှာ ဘင်္ဂါလီပြသ၁နာရဲ့ လုံခြုံရေးပြသ၁နာလို အထိမခံတဲ့ ကိစ္စရပ်တွေ ရှေ့တန်းတင်တာက ရလဒ်ကောင်းမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

အခြား အကြီးတန်းအရာရှိ တစ်ဦးကည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ သည် ဒေသတွင်း ကုန်သွယ်ရေးနှင့် ဆက်သွယ်မှု မြှင့်တင်ရန် ရည်ရွယ်သည့် BCIM အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုသည်။ ယင်းက “တကယ်လို့ BCIM အကောင်အထည်ပေါ်လာရင် နိုင်ငံအချင်းချင်း ဆက်ဆံရေး မြှင့်တင်ဖို့ အရေးပါတဲ့ စင်္ကြံတစ်ခု ဖြစ်လာပါမယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်နဲ့ ပတ်သက်ပြီး ၄င်းအနေဖြင့် ကြိုဆိုကြောင်း NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်က " ဒါကောင်းပါတယ်၊ နယ်စပ်ကိစ္စနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကို နောက်လာမည့် ကျနော်တို့ အစိုးရက အလျော့ပေးဖို့ မရှိဘူးဆိုတာ သူတို့လည်း ရိပ်မိလို့ နေမယ်" ဟု မှတ်ချက်ပေး ပြောကြားခဲ့သည်။

KHTun
Ref - BDNews
The Ladies News Journal

No comments:

Post a Comment

My Blog List