Tuesday, December 01, 2015

NLD ပါတီမှ ရွေးမည့် သမ္မတလောင်းများတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ မပါဝင်ဟု ဦးဝင်းထိန်ဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ တင်မြှောက်ရန် လျာထားရွေးချယ်ထားသော သမ္မတလောင်းများတွင် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ မပါဝင်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က The Voice သို့ ပြောကြားသည်။
သမ္မတလောင်းနေရာအတွက် NLD ပါတီဝင် လေးဦးမှ ၁၀ ဦးအထိ လျာထားရွေးချယ်ထားကြောင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဂျပန် ရိုမီယိုရီ ရှင်ဘွန်းသတင်းဌာန (Yomiuri Shimbun) သို့ ပြောဆိုထားမှုနှင့် ပတ်သက်ပြီး မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“ဒီကိစ္စပြောရရင် အရမ်းရှုပ်ကုန်လိမ့်မယ် မသေချာသေးဘူး။ စစ်မှုထမ်းမဟုတ်တဲ့ ပါတီဝင် ၁၀ ယောက် ဆိုတာလည်း မဟုတ်ဘူး ဒီထက်နည်းတယ်။ သေချာတာတစ်ခုကတော့ အခုအနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေ မပါဘူး” ဟု ဦးဝင်းထိန်က ဆိုသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ဦးဉာဏ်ဝင်းနှင့် တိုကျိုမြို့ အခြေစိုက် ဂျပန် ရိုမီယိုလီ ရှင်ဘွန်း သတင်းဌာနတို့ တွေ့ဆုံရာတွင် သမ္မလောင်းသည် NLD ပါတီဝင်ဖြစ်ပြီး အတိတ်နှင့် လက်ရှိအချိန်တွင် စစ်မှုထမ်း အတွေ့အကြုံ မရှိသူဟူသော အခြေခံမူများဖြင့် ရွေးချယ်ထားကာ သမ္မတလောင်းနေရာ အတွက် လေးဦးမှ ၁၀ ဦးအထိ ယာယီရွေးချယ်ထားကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List