Saturday, December 05, 2015

အစိုးရအပြောင်းအလဲကြောင့် ရက်ရွှေ့ရဖွယ် ရှိနေတဲ့ အကယ်ဒမီပေးပွဲ


၂၀၁၄ နှင့် ၂၀၁၅ (၂) နှစ်ပေါင်း၍ ပေးအပ်ချီးမြှင့်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပရန် ရည်ရွယ်ထားသည့်အ ချိန်သည် အစိုးရအပြောင်းအလဲ ကာလနှင့် တိုက်ဆိုင်နေသော ကြောင့် ရွှေ့ဆိုင်းပေးရန် ပြန်ကြားရေးဝန်ကြီးဌာနက စာပို့ထား ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။

‘‘အကယ်ဒမီပေးပွဲကို ဖေ ဖော်ဝါရီနောက်ဆုံးပတ်မှာ ကျင်းပဖို့ လျာထားပေမယ့် နှစ်လပိုင်း၊ သုံးလပိုင်းက အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအပြောင်းအလဲကာလဖြစ် တာကြောင့် ဧပြီလမှသာ ကျင်းပ ပါရန်ဆိုပြီး ပြန်ကြားရေးဝန်ကြီး ဌာနက အစ်ကိုတို့ဆီကို စာပို့ထား တယ်။ အဲဒါကြောင့် ဧပြီမှ ကျင်းပ ဖြစ်မလား၊ ဒီကြားထဲမှာ မဖြစ်ဖြစ်အောင် ကျင်းပဖြစ်မလားဆိုတာ ကိုတော့ လာမယ့်အပတ် အမှု ဆောင်အစည်းအဝေးပြီးမှ ဆုံး ဖြတ်ချက်ချပါမယ်’’ဟု ဦးလူမင်း က ပြောသည်။

ထို့အပြင် ယခင်က ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ပြည်သူ့ရင်ပြင် ၌ ကျင်းပရန် ရည်ရွယ်ထားသော် လည်း ဧပြီတွင် ကျင်းပမည်ဆိုပါ က ကျင်းပမည့်နေရာကို ထပ်မံ ရွေးချယ်ရမည်ဟု ၎င်းက ဆို သည်။


မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲကို ယခုနှစ်တွင် ၂၀၁၄ နှင့် ၂၀၁၅ ၂ နှစ်ပေါင်း၍ ချီးမြှင့်မည် ဖြစ်ပြီး ၂၀၁၄ အတွက် ဆုရွေး ချယ်မှုလုပ်ငန်းများပြီးစီးသွားပြီ ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

၂၀၁၅ အတွက် ဆုရွေးချယ် ခြင်းကိုမူ ယခု နှစ်ကုန်အထိ ရုံတင် သောကားများအား စိစစ်အကဲ ဖြတ်ရမည်ဖြစ်သောကြောင့် ၂၀၁၆နှစ်ဆန်းပိုင်းမှသာ စတင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးအေးကြူလေးက ပြောသည်။

၂၀၁၃ အတွက် ရုပ်ရှင်ထူး ချွန်ဆုပေးပွဲကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ပထမဆုံးအကြိမ် ဦးဆောင်၍ ကျင်းပခဲ့ရာ အတတ် ပညာပိုင်းဆိုင်ရာ ဆုများပေးအပ် နိုင်ခဲ့ခြင်းမရှိသောကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment

My Blog List