Tuesday, December 01, 2015

နိုင်ငံအေးချမ်းခြင်းသည် ကလေးငယ်များအတွက် ပညာရေးအခြေအနေ အကောင်းဆုံးဖြစ်ဟု ဆို


ကလေးငယ်များ ပညာရေးအတွက် နိုင်ငံရေးအေးချမ်းခြင်းသည် အကောင်းဆုံး ဖြစ်မည်ဖြစ်ပြီး ပြည်သူ တစ်ယောက်အနေဖြင့်လည်း နိုင်ငံကို အေးချမ်းစေချင် ကြောင်း စစ်ဘေးရှောင် ကလေးငယ်များအား စာသင်ကြားပေးနေသည့် မိုင်းရှုးမြို့ နယ် ဟိုက်ပါကျေးရွာ စာသင်ကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်ရွှေအေးသာက The Ladies သို့ပြောသည်။
စစ်ဘေးရှောင် ကလေးငယ်များ ပညာဆက်လက် သင်ကြားနိုင်ရေး အတွက် မိုင်းရှုး မြိုနယ် ဟိုက်ပါကျေးရွာ စာသင်ကျောင်း တွင် ကလေးငယ်များအား နိုဝင်ဘာ ၂ ရက် နေ့မှ စတင်၍ လက်ခံ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“ဟိုက်ပါစာသင်ကျောင်း မှာ နဂိုရှိတဲ့ ကျောင်းသားဦးရေနဲ့ရောပြီး သင်ပေးတယ်။ ကျောင်းသားဦးရေ ရွာခံကျောင်းသား ၂၄၁ ယောက်ရှိတာ စစ်ဘေးရှောင်ကလေး ၄၈ ယောက်ကို လက်ခံသင်ကြားပေးနေတယ်၊ တိုက်ပွဲတွေဘာတွေ ဖြစ်တာတော့ မကြားတော့ဘူး၊ ကလေးတွေအတွက် လုံခြုံရေးသီးသန့်မရှိဘူး ။ လုံခြုံအောင်တော့ ထားတယ်”ဟု ဆရာမ ဒေါ်ရွှေအေးသာက ပြောသည်။

စစ်ဘေးရှောင် ကလေးငယ်များအား လက်ခံသင်ကြားပေးရာတွင် သင်ကြားမှုပုံစံ မတူခြင်းကြောင့် အခက်အခဲ အနည်းငယ်ရှိသော်လည်း ကျောင်းသို့ ရောက်လာ သည့် ကလေးငယ်များကို ကျန်းမာရေး၊ ပညာရေး၊ ဗဟုသုတ တိုးတက်ရေးတို့ကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ကလေးများအကြောင်းကို သေချာမသိရသေး
ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မိုင်းရှုးမြို့နယ် ဟိုက်ပါစာသင်ကျောင်းသို့ ရောက်ရှိပညာသင်ကြားနေသည့် စစ်ဘေး ရှောင်ကလေးငယ်များသည် အထကခွဲဝမ်ဆော့မှ ဖြစ်သည်ဟု လည်း သိရသည်။

သတင်း - ဇော်မင်းထွန်း
Photo – Ko Shwe Aung Thin
The Ladies News Journal

No comments:

Post a Comment

My Blog List