Saturday, December 05, 2015

မြောက်ကိုရီးယား AIDS မရှိဟု ကမ္ဘာ့ AIDS နေ့ ကင်ဂျုံအန်း ၀ါဒဖြန့်



မြောက်ကိုရီးယားနိုင်ငံသည် AIDS ကင်းလွတ်သောနယ်မြေဖြစ်သည်ဟု ကမ္ဘာ့ AIDS နေ့တွင် မြောက်ကိုရီးယားကကြေညာလိုက်သည်။ ရောဂါဘယ ကာကွယ်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်၏ ထူးခြားကောင်းမွန်ကြောင်းကိုလည်း ပြုံယမ်းက ကြေညာလိုက်သည်။

မြောက်ကိုရီးယားတွင် အထူးခြားဆုံး ဆိုရှယ်လစ်ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ထူထောင်ထားသည်။ ထိုပြင် လူထုဗဟိုအပြုဆုံး ပေါ်လစီမူဝါဒ များကို ဖော်ဆောင်လျက်ရှိသည်။ ထို့ကြောင့် မိမိတို့နိုင်ငံတွင် လူတဦး တယောက်မျှ AIDS ရောဂါသည်မရှိခြင်းဖြစ်သည်ဟု အစိုးရသတင်းစာ မင်ဂျူးချိုဆန်က ရေးသားဖော် ပြသည်။

မြောက်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားပြည်သူတို့ရဲ့ဘ၀နှင့် ကျန်းမာ ရေး အခြေအနေများကို တက်တက်ကြွကြွ ကာကွယ်စောင့်ရှောက်ပေးလျက် ရှိသည်ဟု ပြုံယမ်းက ကြေညာသည်။ ရောဂါဘယကာကွယ်ရေးအတွက် အသိတရားရှိအောင် ပျိုးထောင် ထားသည်ဟု ပြုံယမ်းက ဆိုသည်။

မြောက်ကိုရီးယားက AIDS ရောဂါ ကင်းရှင်းကြောင်း ကြေညာသည်မှာ ယခုအခါ ပထမအကြိမ်မဟုတ်ပေ။ ၂၀၁၄ ကမ္ဘာ့ AIDS နေ့တုန်းကလည်း မြောက်ကိုရီးယားနိုင်ငံသားများက သူတို့နိုင်ငံမှာ AIDS ရောဂါသည် တဦး တလေမျှမရှိဟု ပြုံယမ်းသတင်းစာ ချိုဆန်စင်ဘိုက ရေးသားသည်။WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းအရ ကမ္ဘာပေါ်တွင် AIDS ဖြစ်စေသော HIV ရောဂါသည် ၃၆ ဒသမ ၉ သန်းရှိသည်။ ကမ္ဘာအနှံ့တွင် တနာရီမှာ လူပေါင်း ၂၆ ဦး ကူးစက်ပျံ့နှံ့နေသည်။

ဝေယံဦး
UPI-News
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


No comments:

Post a Comment

My Blog List