Monday, November 30, 2015

ဖုန်းသုံးစွဲမှုမြင့်လာပြီး ဈေးကျလာခြင်းကို အာဆီယံဆက်စပ် အစည်းအဝေး တွင် ဆက်သွယ်ရေးဝန်ကြီး ဂုဏ်ယူ ပြောကြား


ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၏ နောက်ဆက် တွဲအဖြစ် ပြည်သူများသည် ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ မှုရေးတိုးတက်မှု အကျိုးကျေးဇူးများ ရရှိခံစားနေရပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ ဒါနန်းမြို့တွင်ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံသတင်းအချက်အလက် နှင့် နည်းပညာဆိုင်ရာ ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၌ မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေးကဏ္ဍနှင့် ပတ် သက်၍ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ် ရေးကဏ္ဍသည် လျင်မြန်စွာ ဖွံ့ ဖြိုးတိုးတက်နေပြီး တယ်လီဖုန်း အသုံးပြုနိုင်မှုသည် ၂၀၁၀- ၁၁ တွင် ၅ ရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှ လက်ရှိတွင် ၆၀ ရာခိုင်နှုန်း ကျော်အထိ တိုးတက်သုံးစွဲလာ နိုင်သည့်အပြင် ဈေးနှုန်းများမှာ လည်း အများပြည်သူ အလွယ် တကူသုံးစွဲနိုင်သည့် ဈေးနှုန်းမျိုး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့ သည့် ယင်းအစည်းအဝေး၌ အာဆီယံနိုင်ငံများမှ သတင်းအချက်အ လက်နှင့် နည်းပညာဆိုင်ရာ ၀န် ကြီးများနှင့် အာဆီယံဆက်သွယ် ရေးကဏ္ဍဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် တရုတ် ၊ ဂျပန်နှင့် ကိုရီး ယားနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ချုပ် (ITU)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

အစည်းအဝေး၌ အာဆီယံ နိုင်ငံများအတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များ အပေါ် အမြင်များ ဆွေးနွေးခြင်း၊ ASEAN ICT Master Plan 2015 နှင့် ပတ်သက်၍ အတည်ပြုထုတ် ပြန်ခြင်း၊ ဆက်လက်ဆောင်ရွက် ရမည့် ASEAN ICT Master Plan 2020 အပေါ် ဆွေးနွေးခြင်း၊ ITU နှင့် အာဆီယံနိုင်ငံများအကြား ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို နားလည်မှုစာ ချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ဒါနန်းကြေညာစာတမ်းထုတ်ပြန် ခြင်း၊ ASEAN ICT Award 2015 အတွက် ဆုရရှိသူများအား ဆုချီး မြှင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိ ရသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဇေယျာအောင် သည် ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းအနားယူသွားချိန်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီး အဖြစ် ပူးတွဲတာဝန်ယူခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List