Saturday, December 05, 2015

နိုင်ငံ့အကျိုးကြည့်သူများကို ပြည်သူများ ပါဝင်ကူညီကြရန် သူရဦးရွှေမန်း သတင်းထုတ်ပြန်


ယနေ့အချိန်တွင် လူတစ်စုအကျိုးနှင့်ပါတီအကျိုးကိုမကြည့်ဘဲ နိုင်ငံ့အကျိုးကိုသာ ကြည့်ပြီး နိုင်ငံတော်နှင့်နိုင်ငံသား များကို သစ္စာရှိစွာဆောင်ရွက်နေ သူများရှိနေပြီး ပြည်သူများ ပါဝင်ကူညီပေးကြရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၄ ရက်ညနေပိုင်းက သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်း၏ သတင်း ထုတ်ပြန်မှုသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေး မှုများအပေါ် အခြေခံပြီး ထုတ်ပြန် ခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ရုံးမှ သိရသည်။

ဒီဇင်ဘာ ၄ရက်ညနေပိုင်းက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ၎င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ယနေ့အချိန် သည် လူတစ်စုအကျိုးအတွက်၊ ကိုယ့်ပါတီအတွက်ကိုကျော်လွန် ပြီး အမျိုးသားအကျိုးစီးပွား၊ ပြည် ထောင်စုအကျိုးစီးပွားကိုကြည့် ပြီး လုပ်ဆောင်ရမယ့်အချိန်ဖြစ်ပါ သည်။ ဒီလိုစိတ်စေတနာမှန်များ နှင့် ဆောင်ရွက်နေကြသူများ လည်းရှိနေပြီ။ သူတို့ဟာ နိုင်ငံ တော်နှင့် နိုင်ငံသားများကို တ ကယ်ချစ်တာပါ။ တကယ်သစ္စာရှိ တာပါ။ ထိုသို့ ကြိုးစားဆောင် ရွက်နေသူများကို လေးစားရမယ်၊ ဂုဏ်ပြုရမယ်၊ ပြည်သူများက လည်း ပါဝင်ပေးကြပါ။ ထိုသူများ ကိုလည်း အားပေးချီးမြှင့်ပေးကြ ပါ’’ဟု ရေးသားထားခြင်းဖြစ် သည်။

‘‘ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေလုပ်ပြီးတော့ တွေ့ ဆုံဆွေးနွေးမှုတွေအရရော နာယကကြီးရဲ့ စိတ်ဆန္ဒအရပါ အခု လို ပြည်သူတွေကို ထုတ်ပြန်တာ ပါ’’ ဟု ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ဒေါ် အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂၊ ၃၊ ၄ ရက်တို့တွင် ဆက်တိုက်တွေ့ဆုံခဲ့သည်။

ဒီဇင်ဘာ ၄ ရက်ညပိုင်းက ထုတ်ပြန်သော ပြည်ထောင်စု လွှတ်တော်နာယက၏ သတင်း ထုတ်ပြန်မှုတွင်လည်း ဒီဇင်ဘာ ၂၊၃၊၄ ရက်တွေ့ဆုံမှုများမှဟု ထည့်သွင်းရေးသားထားသည်။

ဒီချုပ်၏ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က သူရဦးရွှေ မန်းနှင့် တွေ့ဆုံမှုများတွင် အစိုးရ သစ်အနေဖြင့် အမျိုးသားပြန် လည်ရင်ကြားစေ့ရေးနှင့်တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးတို့ အတွက် ဆောင်ရွက်သွားရန်ရှိပြီး အသေးစိတ်ကိုပြောကြား၍ မရ သေးကြောင်း ဒီဇင်ဘာ ၄ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်း မီဒီယာများအား ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်၌ သူရဦးရွှေမန်းနှင့် ဒေါ် အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု အပြီးတွင် သူရဦးရွှေမန်းက၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ဒေါ်အောင်ဆန်းစု ကြည်၏ပါတီသည် အောင်နိုင် ထားပြီးဖြစ်သော်လည်း မာန်မာန မရှိဘဲ အပြုသဘောဆောင်ပြီး နှိမ့်ချဆောင်ရွက်မှုများ၊ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးအတွက် ဆောင်ရွက်မှုများကို ကြိုဆိုဂုဏ်ပြုရမည်ဖြစ်ကြောင်း ရေးသားထားခဲ့သည်။

ထို့ပြင် လာမည့် အစိုးရအဖွဲ့ သစ်တွင်ပါဝင်သင့်သည့် တိုင်း ရင်းသားအစုအဖွဲ့များ ပါဝင်ရေး ကို မျှော်မှန်းထားသည်မှာလည်း မင်္ဂလာသတင်းဖြစ်သည်ဟု ရေး သားခဲ့သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပ ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် အပြတ်အသတ်အနိုင်ရရှိခဲ့ ပြီး ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်က အမျိုးသားပြန်လည်ရင် ကြားစေ့ရေးကို အခြေခံသည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်နာယကထံသို့စာတစ်စောင်စီ ရေးသားပေးပို့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအရ နိုဝင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုလွှတ် တော်နာယကက တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့က လက်ခံတွေ့ဆုံခဲ့ကာ အာဏာလွှဲပြောင်းရေး ချောမွေ့စေရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူဆွေးနွေးခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List