Monday, November 30, 2015

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၂ ရက် တွေ့မည်


အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် တွေ့ဆုံရန်ဒေါ် အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအရ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင် ဘာ ၂ရက်တွင် တွေ့ဆုံရန်စီစဉ် နေကြောင်းသတင်းရရှိသည်။ရွေးကောက်ပွဲလုပ်ငန်းစဉ် များ ပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်း တွေ့ဆုံမည်ဟု သမ္မတဦးသိန်းစိန် က အကြောင်းပြန်ထားပြီး ယခု တွေ့ဆုံမှုနှင့်ပတ်သက်၍ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်အားမေး မြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
‘‘ဟုတ်ပါတယ်။ သမ္မတကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီ ဇင်ဘာ ၂ရက် ဗုဒ္ဓဟူးနေ့ မနက် ပိုင်းမှာ တွေ့မယ်။ ဒါအခုထိ ကျွန် တော်တို့ စီစဉ်နေတယ်။ တွေ့တဲ့ နေရာက နိုင်ငံတော်သမ္မတအိမ် တော်မှာဖြစ်မယ်။ မီဒီယာတွေဝင်ခွင့်မပြုပါဘူး’’ ဟု ဦးရဲထွဋ်က ပြောသည်။

ယခု တွေ့ဆုံရန် စီစဉ်မှုကို ဒေါ်အောင်ဆန်းစုကြည်ထံ အ ကြောင်းပြန်ကြားပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူထားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုတွင် မည် သည့်အကြောင်းအရာကို ဆွေး နွေးမည်ဟု မသိရသေးသော် လည်းသမ္မတဦးသိန်းစိန်က ဒေါ် အောင်ဆန်းစုကြည်၏ တင်ပြ ပြောဆိုချက်များကို နားထောင်ပြီး မှသာ ပြန်လည်ဆွေးနွေးမည်ဟု ဦးရဲထွဋ်ကပြောသည်။

‘‘ရွေးကောက်ပွဲ ရလဒ်ကို လက်ခံဖို့ပဲ။ အာဏာလွှဲပြောင်း ပေးဖို့ကတော့ နဂိုကတည်းက ကျွန်တော်တို့က လူသိရှင်ကြား ပြောထားပြီးသားပဲ။ အဲဒီကိစ္စအ ပြင် တခြားကိစ္စတွေပါ ဆွေးနွေး လာရင်တော့ ကျွန်တော်တို့လည်း အဲဒီအပေါ်မူတည်ပြီး ဆွေးနွေးမှာ ပေါ့။ ဘာလို့လဲဆိုတော့ သူ(ဒေါ် အောင်ဆန်းစုကြည်)က တွေ့ခွင့် တောင်းထားတာဆိုတော့ သူပြောတာ ကျွန်တော်တို့ နားထောင်မှာ ပေါ့’’ ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲ ရလဒ်မှာ လည်း အားလုံးသိပြီးဖြစ်သည့်အ ပြင် ကန့်ကွက်လွှာများစတင်စစ် ဆေးခြင်းမှာလည်း စတင်လုပ် ဆောင်နေပြီး ယင်းအချက်အလက် အားလုံးအပေါ် မူတည်၍ သမ္မတက တွေ့ဆုံရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်ကြောင်း သတင်းရ ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲအပြီး ရလဒ်အများစု ထွက်ပေါ်လာချိန်တွင် ၎င်းဦး ဆောင်သည့်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က အများစုအနိုင်ရရှိခဲ့ ပြီးနောက် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည် ထောင်စုလွှတ်တော်နာယကသူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံရန် စာ ပေးပို့ခဲ့သည်။

အဆိုပါ စာအရ သူရဦးရွှေ မန်းက ပြီးခဲ့သည့်သီတင်းပတ်အ တွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး အချက် ငါးချက်ပါ သဘောတူညီချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့ သည်။

ယခု သမ္မတဦးသိန်းစိန်နှင့် ဒီဇင်ဘာ ၂ရက်တွင် တွေ့ဆုံရန် စီစဉ်နေပြီး မကြာမီကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့်လည်း တွေ့ဆုံနိုင် ဖွယ်ရှိကြောင်း ဦးရဲထွဋ်ကပြော သည်။

နိုဝင်ဘာ ၈ရက်ရွေးကောက် ပွဲတွင် ဒီချုပ်က ပြည်ထောင်စု လွှတ်တော်ရှိ အမတ်နေရာ ၆၅၇ နေရာအနက် ထက်ဝက်ကျော် ၃၉၀ နေရာ အနိုင်ရရှိထားပြီး သမ္မတကို ရွေးချယ်တင်မြှောက်နိုင်သည့် အာဏာရပါတီ တစ်ခုဖြစ်လာမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
7Day Daily


No comments:

Post a Comment

My Blog List