Tuesday, December 01, 2015

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည့် အစိုးရအဖွဲ့တွင်တိုင်းရင်းသားအစုအဖွဲ့များပါဝင်ရေးကို မျှော်မှန်းထားသဖြင့် ယင်းအခွင့်ကောင်းကိုရယူအသုံးပြုကာ နိုင်ငံတည်ငြိမ်ရေး၊ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရန်လိုဟု သူရဦးရွှေမန်း ပြောကြား


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည့် အစိုးရ အဖွဲ့တွင် ပါဝင်သင့်သည့် တိုင်းရင်း သားအစုအဖွဲ့များ ပါဝင်ရေးကို မျှော်မှန်းထားသဖြင့် ယင်းအခွင့် ကောင်းကိုရယူအသုံးပြုကာ နိုင်ငံတည် ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြဖို့လိုအပ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်တို့သည် နိုဝင်ဘာ ၃၀ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးခန်းတွင် နံနက် ၁၀ နာရီ ၁၅ မိနစ်မှ ၁၁ နာရီ ကျော်အထိတွေ့ဆုံမှုအပြီး သူရဦးရွှေ မန်းက သူ၏လူမှုစာမျက်နှာတွင် အ ထက်ပါအတိုင်းရေးသားခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ''သူနှင့်သူ့ပါတီဟာ အောင်နိုင်ထား ပြီးဖြစ်သော်လည်း မာန်မာနမရှိဘဲ အ ပြုသဘောဆောင်ပြီးဆောင်ရွက်မှု တွေ၊အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးအတွက် ဆောင်ရွက်နေတာတွေ ကို ကြိုဆိုရမယ်၊ ဂုဏ်ပြုရမယ်။ လာ မယ့်အစိုးရအဖွဲ့ထဲမှာလည်း ပါဝင် သင့်တဲ့ တိုင်းရင်းသားအစုအဖွဲ့များ ပါဝင်ရေးကို မျှော်မှန်းထားတယ်ဆို တာကလည်း မင်္ဂလာသတင်းပါ။

ဒီအခွင့်ကောင်း ကိုရယူအသုံးပြုပြီး နိုင်ငံတည်ငြိမ် ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကိုဆောင်ရွက်ကြဖို့လိုပါ တယ်'' ဟုရေးသားထားဖော်ပြခဲ့ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၈ရက်က ကျင်းပခဲ့သောရွေး ကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ် မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံရန် နိုဝင်ဘာ ၁၀ ရက်က စာရေးသားပေးပို့တောင်းဆိုခဲ့အပြီး သူရဦးရွှေမန်းနှင့် နိုဝင်ဘာ ၁၉ ရက် တွေ့ဆုံကာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယ က ဦးသူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲ မ တိုင်မီ (၄၈) ကြိမ်၊ ရွေးကောက်ပွဲ ပြင် ဆင်နေစဉ်အတွင်း (၅)ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် (၅) ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

MP, AK
#Democracytoday

No comments:

Post a Comment

My Blog List