Saturday, December 05, 2015

လောက်ကိုင်မြို့၌ အနော်ရထာမင်းရုပ်တု စိုက်ထူ


ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့ရှိ ရန်လုံကျိုင်း မြန်မာ-တရုတ် နယ်စပ်ဂိတ်အနီးတွင် ပထမမြန်မာနိုင်ငံတော် တည်ထောင်သူ အနော်ရထာမင်းကြီး၏ ရုပ်တုကို စစ်အုပ်ချုပ်ရေးအဖွဲ့က စစ်အုပ် ချုပ်ရေးကာလအတွင်း စိုက်ထူ ခဲ့သည်။အရိန္ဒမာလှံကို ကိုင်စွဲ၍ တရုတ်နိုင်ငံဘက်သို့ လက်ညှိုး ညွှန်နေသည့် အနော်ရထာမင်း ကြီး၏ ရွှေရောင်ရုပ်တု အောက် ခြေတွင် မင်းတရားကြီး၏ အတ္ထု ပ္ပတ္တိအကျဉ်းကို မြန်မာ-ကိုးကန့် နှစ်ဘာသာဖြင့် ရေးထိုးထားသည်။
‘‘မြန်မာပြည်ထဲမှာ ရှိနေ သေးတယ်ဆိုတာကို သိစေချင်တာပါ’’ဟု လောက်ကိုင်ခရိုင် အ ထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော် ဆွေက ရုပ်တုတည်ထားရခြင်း၏ အဓိပ္ပာယ်ကို ပြောသည်။

ကိုးကန့်နှင့် တရုတ် အငွေ့ အသက် လွှမ်းမိုးကြီးစိုးသော လောက်ကိုင်ရှိ ရန်လုံကျိုင်းအ၀ိုင်း ကို အနော်ရထာမင်းရုပ်တုအ၀ိုင်း အဖြစ်လည်းကောင်း၊ ရင်ဖုန်း အ ၀ိုင်းဟုခေါ်တွင်သော အ၀ိုင်းကို စည်းလုံးခြင်းအ၀ိုင်းအဖြစ်လည်း ကောင်း စစ်အုပ်ချုပ်ရေးအဖွဲ့က အမည်ပြောင်းလဲခဲ့သည်။

‘‘အခု ဆင်ဖြူတော်အ၀ိုင်း ထပ်ဆောက်နေတယ်’’ဟု ဦးကျော်ဆွေက ပြောသည်။ ၂၀၁၅ ဖေဖော်ဝါရီမှစတင်ကာ လောက်ကိုင်တွင် မြန်မာ့တပ်မတော်နှင့် ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားမှု ကြောင့် လောက်ကိုင်မြို့တွင် နေထိုင်သူများ စစ်ဘေးရှောင်ခဲ့ကြရ သည်။

တစ်နှစ်နီးပါးကြာမျှ စစ်တ လင်းဖြစ်ပွားခဲ့သော လောက်ကိုင် မြို့ကို တပ်မတော်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း ကာ ပြန်လည်ထူထောင်ရေးလုပ် ငန်းများ ဆောင်ရွက်နေသည်။

တပ်မတော်အစိုးရလက် ထက်မှ အရပ်သားအစိုးရသို့ လွှဲ ပြောင်းခါနီး ၂၀၀၉ တွင် လောက်ကိုင်၌ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ၂၀၁၅ တိုက်ပွဲများကဲ့သို့ မပြင်းထန်ချေ။

၂၀၁၀ တွင် ရွေးကောက်ပွဲ များ ကျင်းပပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်နှစ်ခုကို ပေါင်းစည်းကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၀၉တိုက်ပွဲများကြောင့် လောက်ကိုင်မှ ထွက်ပြေးခဲ့ရသည့် ကိုးကန့် ခေါင်းဆောင်ဟောင်း ဦးဖုန်ကြား ရှင်သည် ၂၀၁၅ ဖေဖော်ဝါရီ တွင် လောက်ကိုင်ကို ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွား ခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းနယ်စပ်အနီးတွင် ဒုတိယမြန်မာနိုင်ငံတည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး၏ရုပ်တုကို စိုက်ထူထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List