Tuesday, December 01, 2015

ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းများ တင်သွင်းရန် ကော်မရှင်နှိုးဆော်


ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း အမြန်ဆုံး တင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန် နှိုးဆော်လိုက်ပါတယ်။ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်စာရင်း စတင်ကြေညာတဲ့နေ့ကစပြီး အခုချိန်ထိ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း တင်သွင်းသူဦးရေဟာ နည်းပါးနေတဲ့အတွက် တင်သွင်းဖို့ နှိုးဆော်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်စာရင်း ကြေညာတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း ၎င်းတို့ အမည်စာရင်း တင်းသွင်းခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးထံမှာ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) နဲ့ တင်သွင်းရမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို မတင်သွင်းရင် သက်ဆိုင်ရာက ရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်း ခံရမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List