Friday, December 04, 2015

ကုန်ဈေးနှုန်းတွေ ခဏခဏတက်နေတာလည်ြးေ ပာင်းလဲချိန်တန်ပြီ


အသက် ၄ဝအရွယ် မမိုးတစ်ယောက်သွားနေသည့် ကမာရွတ်မြို့နယ်၏ လှည်းတန်းပေ (၅ဝ) လမ်းဈေးတန်းတွင် ဈေးဝယ်သူများ၊ ဈေးသည်များ၊ ကုန်ထမ်းသူများဖြင့် တိုးတိုးကြိတ်ကြိတ်။ ဒါက သူ့လိုအိမ် ရှင်မများအဖို့ နေ့စဉ်ကြုံတွေ့နေကျ နိစ္စဓူဝ သရုပ်သဏ္ဍာန်များသာ။
တစ်ရက်ခြားသော်လည်းကောင်း၊ နှစ် ရက်ခြားသော်လည်းကောင်း ဈေးသို့ရောက် ဖြစ်သည့် မမိုးအဖို့ လမ်းဘေးတွင် အနည်း ငယ်မြင့်သည့် ခုံလေးပေါ်၌ ဗန်းဖြင့်တည်ခင်း ရောင်းချနေသည့် ကြက်သွန်နီဈေးကို စမေး ဖြစ်သည်။

မမိုးတစ်ယောက် ''အလိုလေး''ဟု အံ့သြ တကြီး ရေရွတ်မိလေတော့သည်။ အဘယ် ကြောင့်ဆိုသော် ယခင် တစ်ပိဿာကျပ် တစ် ထောင်အောက်သာရှိနေကျ ကြက်သွန်နီကအခုရက်ပိုင်းလေးအတွင်းမှာပင် တစ်ပိဿာ ကို ကျပ်လေးထောင်ကျော်ဖြစ်နေသည်။ ဈေး သည်အဒေါ်ကြီးက ၂၅ ကျပ်သားကို ၁ဝဝဝ ဈေးနှင့်ပင်မရောင်းနိုင်ဟု အားနာနာနှင့် ငြင်း ဆန်နေသည်။ ဝယ်နေကျ ဈေးသည်များပင် ဖြစ်လင့်ကစား ဘယ်လိုမှဈေးဆစ်လို့မရ။

''အဒေါ်တို့က တိုးရောင်းချင်လို့ တိုး ရောင်းရတာမဟုတ်ပါဘူးကွယ်။ လစာတွေလဲ တိုးတော့မယ်လို့ ကြားတယ်။ နောက်ကြက် သွန်နီစိုက်ခင်းတွေပျက်လို့ ရှားလဲရှားနေတာ မို့ပါ။ ကုန်သစ်က ထပ်မဝင်ဘူး''

ထားတော့ ... ကြက်သွန်နီကို ဈေး မဆစ်တော့ဘဲ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ''ဘယ်ဈေးလဲ'' ဟုမေးကြည့်ရသည်ကလဲ အ မော။ ဝယ်နေကျဆိုင်များပင် တစ်ဆိုင်နှင့် တစ် ဆိုင်ဈေးနှုန်းများက မတူ။ တူညီနေသည်က တော့ သူတို့အားလုံး၏ ကုန်ပစ္စည်းတိုင်း အ ရင်တစ်ပတ်က ဝယ်ခဲ့သည့် ဈေးနှုန်းများနှင့် မတူဘဲ မြင့်တက်နေသည်ကို သူမသတိထား မိသည်။

အဆုံးစွန်ဆုံး ကန်စွန်းရွက်ဈေးကအစ ဟင်းချက်ဖွယ်ရာ ဈေးနှုန်းများသည် မမိုးအ တွက် စိတ်အလိုမကျစရာတွေချည်း ဖြစ်နေ ဟန်တူပါသည်။

အကြောင်းစုံကို စုံစမ်းကြည့်လိုက်တော့ မကြာခင်ရက်ပိုင်းက အစိုးရဝန်ထမ်းများကို လစာတိုးမြှင့်ပေးမည် ဆိုသည့်သတင်းထွက် ပေါ်ချိန်ကစပြီး ယင်းကုန်ဈေးနှုန်းများသည် ထပ်ဆင့်ထပ်ဆင့် တိုးမြှင့်လာခြင်း ဖြစ်သည် ဟု ဈေးသည်များကဆိုသည်။

''ကုန်ဈေးနှုန်းတက်တိုင်း ဝန်ထမ်းတွေ လစာတိုးတော့မှာလို့ ဆိုတာချည်းပဲ။ သူတို့ မှာ တခြားအကြောင်းပြချက်မရှိဘူး။ ဒီအ တိုင်းဆို ရတဲ့ပိုက်ဆံနဲ့ လောက်အောင်သုံးဖို့ လွယ်မယ်မထင်ဘူး'' မမိုးဆိုပြန်သည်။

''ဈေးက ဆက်တက်ဖို့ပဲရှိတယ်။ တက် ပြီးရင် ဘယ်တော့မှ ပြန်မကျတော့ဘူး'' ဟုသူမ က ယူဆသည်။ ဒီလိုတရိပ်ရိပ်တက်လာတဲ့ အ ခြေခံစားသောက်ကုန်ဈေးနှုန်းတွေက မမိုး တို့လို အခြေခံလူတန်းစားအားလုံးရဲ့ ဘဝ ကို ရိုက်ခတ်လာပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်လာရုံ မက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစု ဘဝရပ်တည်မှုကိုပါ ပြောင်းလဲစေကာ စား အိုးကို ခြိမ်းခြောက်လို့လာနေပါပြီ။

ဝယ်ယူသူများနင့်နေသလို ရောင်းချသူ များတွင်လည်း ရိုက်ခတ်မှုရှိနေသည်ကို ကုန် စုံဆိုင်ပိုင်ရှင် မထားထားဆွေက ''ဈေးနှုန်း တွေ အကုန်တက်။ အရောင်းအဝယ်ကျသွား တယ်။ အရင်ရတာရဲ့ အစွန်းထွက်လောက်ပဲ ရောင်းရတယ်''ဟု ဈေးနှုန်းတက်တဲ့အပေါ် မကျေနပ်သည့်အမူအရာဖြင့် ညည်းညူပြော ဆိုသည်။

အသက် ၃၅နှစ်အရွယ် ပုဂ္ဂလိကဝန်ထမ်း တစ်ဦးဖြစ်သူ ကိုကျော်လင်းဦးက '' လစာတိုး မယ်ဆိုတိုင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကုန် ဈေးနှုန်းတွေ အရင်တက်နေတာက ခေတ်အ ဆက်ဆက်လို ဖြစ်နေတာ။ ကုန်သည်ပွဲစား ကတော့ ဈေးကစားမှာပဲ။ ဒါကိုမတိုးအောင် လုပ်ဖို့ကအစိုးရမှာ တာဝန်ရှိပါတယ်။ ဒီကုန် သည်ပွဲစားကို အစိုးရက မချုပ်ကိုင်နိုင်သရွေ့ တော့ ဆက်ဖြစ်နေမှာပဲ'' ဟုသုံးသပ်သည်။

ကုန်ဈေးနှုန်းတွေတက်နိုင်တဲ့ အကြောင်း အရင်းတွေက ဝယ်လိုအားတက်တာတွေ၊ လုပ် ခလစာတက်တာတွေ၊ စားသုံးမှုမြင့်တက်လာ တာတွေ၊ ကုန်ပစ္စည်းရှားပါးတာတွေ၊ ရောင်း လိုအားဝယ်လိုအားတက်တာတွေကြောင့် ဖြစ် ပေါ်လာနိုင်တယ်လို့ စီးပွားရေး မူဝါဒပညာ ရှင် ဒေါက်တာအောင်ကိုကိုက ထောက်ရှုပြော ပါတယ်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီး ပထမဆုံးအကြိမ် ၁၉၄၈ ခုနှစ်တွင် အစိုးရ ဝန်ထမ်းများအား လစာတိုးပေးခဲ့သော်လည်း ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်ခြင်းမရှိခဲ့ ချေ။ သို့သော် လက်ရှိအချိန်အထိ ဝန်ထမ်းများ လစာတိုးသည့်အခါတိုင်း ကုန်ဈေးနှုန်းမြင့် တက်မှု မရှိသည်ဆိုခြင်းမှာ ထိုတစ်ကြိမ်သာ ရှိခဲ့ပြီး များသောအားဖြင့် ဝန်ထမ်းလစာတက် ချိန်နှင့် ကုန်ဈေးနှုန်းတက်ချိန်ကို မထိငြိနိုင် ခဲ့ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူအချို့ က ဆိုပါသည်။

''အရင်ဖဆပလအစိုးရလက်ထက် ၁၉၄၈ မှာ လစာတိုးပေးတုန်းက ကုန်ဈေးနှုန်းမတက် ခဲ့ဘူး။ နောက် ၁၉၆၂ ခုနှစ်ကျတော့ တော် လှန်ရေးကောင်စီခေတ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၊ အဲဒီအစိုးရလက်ထက် မှာ ၁၉၆၂ခုနှစ်ကနေ ၁၉၈၈ခုနှစ်အထိ လေး ကြိမ် ဝန်ထမ်းလစာတိုးပေးတယ်။ လစာတိုး ပေးတိုင်း ကုန်ဈေးနှုန်းတက်တယ်။ အဲလိုဖြစ် လာတာကို အဲဒီတုန်းကအခြေအနေနဲ့ ပြန် ပြီး သုံးသပ်ကြည့်တဲ့အခါမှာ GDP (ပြည်တွင်း စုစုပေါင်းထုတ်ကုန်တန်ဖိုး)မတိုးဘဲနဲ့ လစာပဲ တိုးပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ ကုန်ဈေး နှုန်းတက်တာဖြစ်နေတယ်''ဟု စီးပွားရေး ကျွမ်းကျင်ပညာရှင် ဦးလှမောင်က သုံးသပ် ပြောဆိုသည်။

၁၉၈၈ခုနှစ်မှ ၂ဝဝ၁ခုနှစ်အထိ စစ်အ စိုးရလက်ထက် ကာလတစ်လျှောက်လုံးတွင် လည်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးသည့်အ ကြိမ်တိုင်း ကုန်ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ပြီး ခဲ့သည့် ၂ဝဝ၇ ခုနှစ်တွင်မူ ဝန်ထမ်းများ၏ လစာကို ရာခိုင်နှုန်းများများ တိုးပေးလိုက်သော ကြောင့် ကုန်ဈေးနှုန်းများလည်း အဆနှင့်ချီ ကာတက်လာခဲ့ရာ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံဝန်ထမ်း လစာတိုးပေးသည့်အခါတိုင်း အခြေခံစားကုန်ဈေးနှုန်းများ ပိုမိုမြင့်တက် လာရခြင်းကို အခြားတစ်ဖက်မှကြည့်လျှင် ဝန် ထမ်းများမှ ဝင်ငွေပိုမိုရရှိလာသည့်အတွက် ဝယ်လိုအား များပြားလာသောကြောင့်ဖြစ် သည် ဟု ¤င်းက ဆက်လက်ပြောဆိုသည်။

"Supply and Demand Law အရ ဝယ်လိုအားကောင်းရင် ကုန်ဈေးနှုန်းတက် တယ်။ ဝယ်လိုအားကောင်းတဲ့အတွက် ရောင်း လိုအားက နောက်ကလိုက်ရတယ်။ ကုန်ဈေး နှုန်း လိုက်တက်တာပေါ့။ ဒါလဲ စီးပွားရေး ဥပဒေပါ တစ်ခုအရ ဝယ်လိုအားကောင်းလို့ ကုန်ဈေးနှုန်းတက်တာပါ''ဟု ¤င်းက ဆို သည်။ ကုန်ဈေးနှုန်းများတက်လာလျှင် နိုင်ငံ ရေးမငြိမ်မသက်မှုများ ရှိလာတတ်သည်မှာရှစ်လေးလုံးအရေးတော်ပုံနှင့် ၂ဝဝ၇ ရွှေဝါ ရောင်တော်လှန်ရေးက သက်သေတစ်ခု ဖြစ် နေသည်။

ယင်းသို့ကုန်ဈေးနှုန်းများတက်လျှင် ပြည် သူများအတွက် စားဝတ်နေရေး လုံလောက် မှု ရှိနိုင်မည်မဟုတ်ဘဲ ဆူပူအြုံ<ွကကာ နိုင်ငံ ရေးများ မတည်မငြိမ် ဖြစ်တက်သောကြောင့် သက်ဆိုင်ရာအစိုးရပိုင်းအနေဖြင့် ဝန်ထမ်း များ လစာကိုမည်သည့်နေရာမှ တိုးပေးလိုက် သည်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြသ ရန် လိုနေသေးသည်။

အခြားချဉ်းကပ်မေးမြန်းထားသည့် စီး ပွားရေးကျွမ်းကျင်သူများကတော့ တိုင်းပြည်အ နေဖြင့် အသားတင်ထုတ်လုပ်မှုတန်ဖိုွးီဏ တိုးတက်လာလို့မဟုတ်ဘဲ လစာတိုးပေးရလို့ လိုအပ်လာသည့်ငွေကို စက်ကရိုက်ထုတ်ပေး မည်ဆိုက ငွေကြေးဖောင်းပွမှုကို ကြုံတွေ့ရ ကာ ကုန်ဈေးနှုန်းကြီးမြင့်လာမှုသာ အဖတ် တင်မည်ဟု ဝေဖန်သည်။

''အခု လူတွေက လွယ်လွယ်ကူကူမှန်းပြီး ရမ်းပြီးတော့ အစိုးရက ငွေစက္ကူကိုရိုက်ပြီး လစာပေးတယ်လို့ဖြစ်တော့ ငွေကြေးဖောင်း ပွမှု ဖြစ်တာပါ။ ဒါကြောင့် နိုင်ငံတော်ကလူ ထုကို ပညာပေးဖို့လိုပါတယ်။ ဒီငွေစက္ကူတွေ ကိုအခြောက်တိုက် ဏမငညအ ထုတ်ပုံနှိပ်ပြီးတော့ ထုတ်တာမဟုတ်ဘူး။ အခွန်အတုပ်တွေကိုရ အောင် ကြိုးစားပြီးလုပ်နေတယ်။ နောက် မလို အပ်တဲ့အစိုးရလုပ်ငန်း၊ ဏမသနြခအ တွေကိုရပ် ဆိုင်းလိုက်တယ်။ ပြီးတော့ အချို့နေရာတွေ မှာ ချွေတာလိုက်တယ်ဆိုပြီး စနစ်တကျဘဏ္ဍာ ငွှေပျအနာ ဏသူငခပ ကို သေချာချမှတ်အသိ ပေးခြင်းအားဖြင့် လူတွေက ရမ်းသမ်းပြီးတော့ ဒီငွေကြေးဖောင်းပွအောင် ဈေးမကစားတော့ ဘူး။ ဒါကြောင့် နိုင်ငံတော်က သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ကြိုတင်ပြီး ဒါတွေကို ချပြထားရမယ်''ဟု ကုန်သည်စက်မှုအသင်း ချုပ်မှ ဦးမောင်မောင်လေးကပြောသည်။

ထိုးတက်နေသည့် ကုန်ဈေးနှုန်းကို အ ချိန်မီ ဟန်ချက်ညီညီ ထိန်းညှိနိုင်ရန်အတွက် အချက်သုံးချက်ဖြင့် ရှောင်လွှဲ၍ ရနိုင်ကြောင်း ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန အကြံပေးဒေါက်တာမောင်အောင် က ယခုလိုရှင်းလင်းပြသည်။

''လှည့်လည်နေတဲ့ငွေကြေးပမာဏ မတိုး ဘဲနဲ့ ပြည်သူလူထုဆီကရတဲ့ ပိုက်ဆံနဲ့ အစိုးရ က တိုးတာမျိုးဆိုရင် ငွေကြေးဖောင်းပွစရာအ ကြောင်းမရှိဘူး။ နောက် နိုင်ငံမှာ ဝင်ငွေခွန်တွေ ပိုရအောင် လုပ်သင့်တယ်။ နောက်ဆုံးတစ် ချက်ကတော့ ထုတ်လုပ်မှုလုပ်ငန်းတွေ အား ပေးရမယ်။ ထုတ်လုပ်မှုလုပ်ငန်းတွေ အားပေး တယ် ဆိုတာမှာ တကယ့်ကုန်စည်ထုတ်လုပ် တဲ့ လုပ်ငန်းတွေကို ပိုပြီးအားပေးရမှာပေါ့''

ယင်းအပြင် ဈေးကစားခြင်းများဖြစ်ပေါ် သည်မှာ မူဝါဒပိုင်းတွင် အားနည်းခြင်းကြောင့် ဖြစ်ရာ ဈေးကစားခြင်းများကို ဝင်ငွေခွန်၊ အ မြတ်ခွန်နှင့် ပြန်လည်တားဆီးနိုင်သည် ဟု စီးပွားရေးကျွမ်းကျင်ပညာရှင်များက ဝေဖန် သည်။

ကုန်ဈေးနှုန်းတက်လာတာနဲ့အမျှ အခြေ ခံလူတန်းစားများ၏ လုပ်ခလစာများ၊ လူလတ် တန်းစားအလွှာများ၏ လုပ်ခလစာများမှာ ညီ မျှဖို့ လိုအပ်သည့်အတွက် အုပ်ချုပ်ရေးယန္တရား ကိုရရှိထားသော အစိုးရအနေဖြင့် နည်းစနစ် ကျကျနှင့် ကိုင်တွယ်ဖြေရှင်းပေးသင့်သည်။

အစိုးရအနေဖြင့် ကုန်ဈေးနှုန်းမြင့်တက် လာခြင်းများ၊ ဈေးကစားခြင်းများကို အချိန် တိုင်း မှန်ကန်စွာ ကိုင်တွယ် မဖြေရှင်းနိုင်ပါ က မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု၊ ငတ်မွတ် မှု ဘေးအန္တရာယ်များ ပိုမိုကြီးထွားလာစေမည် ဖြစ်သည်။ ထို့ပြင် ဆင်းရဲမွဲတေမှုနောက်ဆက် တွဲအကျိုးရလဒ်အနေဖြင့် ခိုးဆိုးလုယက်ခြင်း များ၊ အဓမ္မများ ပိုများလာစေနိုင်သည်ဟု ဒေါက် တာအောင်ကိုကိုက သုံးသပ်ပြောဆိုသည်။

မည်သို့ပင်ဆိုစေ လက်ရှိအချိန်အထိ အ ခြေခံလူတန်းစားများအတွက် ထောက်ညှာခြင်း မရှိသော ကုန်ဈေးနှုန်းကို တွန်းကန်နိုင်အား မရှိသည့် မမိုးကတော့ ''ကျွန်မတို့အခြေခံလူ တန်းစားတွေအတွက်ကတော့ တစ်နေ့တခြား ကုန်ဈေးနှုန်းတွေတက်နေတော့ ဝင်ငွေနဲ့ ထွက် ငွေ မလောက်တော့ဘူး။ ကုန်ဈေးနှုန်းတွေ ထပ်မတက်ပါစေနဲ့လို့ နေ့တိုင်းဆုတောင်းနေ ရတယ်''ဟု ညည်းညူလေပြန်တော့သည်။ ။

Yangon Times Journal

No comments:

Post a Comment

My Blog List