Thursday, December 03, 2015

အာဆီယံပြည်သူ့ဂုဏ်ပြုဆုကို မြန်မာမှ ပါရမီ စားပွဲဝိုင်းအဖွဲ့ရရှိ


ယခုနှစ်အတွက် အာဆီယံပြည်သူ့ဂုဏ်ပြုဆု(ASEAN People’s Award)ကို မြန်မာနိုင်ငံမှ ပါရမီစားပွဲဝိုင်းအဖွဲ့က ရရှိခဲ့ကြောင်း သတင်းရရှိသည်။ အာဆီယံ ပြည်သူ့ဂုဏ်ပြုဆုသည် အာဆီယံအသိုက်အဝန်း တည်ထောင်ရေး တွင် မိမိတို့နိုင်ငံ အတွက် အမျိုးသားရေးစိတ်ဓာတ်များဖြင့် တက်ကြွစွာ ကြိုးပမ်းပါ ဝင်ခဲ့ကြသည့်အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီမှ အဖွဲ့အ စည်းများအား ချီးမြှင့်သောဆုဖြစ်သည်။ ယခုနှစ်အတွက် ယင်းဆုကို မြန်မာနိုင်ငံမှ ပါရမီစားပွဲဝိုင်းအဖွဲ့က ရရှိခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ပါရမီစားပွဲ ဝိုင်းအနေနဲ့ ဒီဆုကို ရရှိခဲ့ခြင်းက Think Tank ပညာရှင်တွေက ကိုယ်ကျိုးမဖက် အကျိုးစီးပွားတစ်စုံတစ်ရာမှ မယူဘဲ ဒီထဲမှာ ဘာ သာရေးအရ၊ လူမှုရေးအရ ကွဲပြားမှု၊ ခွဲခြားလုပ်ဆောင်မှု၊ နိုင်ငံရေးအရ ဝါဒကွဲတာတို့ တစ်ခုမှမရှိဘူး။ဒါကြောင့် ဘယ်အဖွဲ့ကမဆို ပါရမီစားပွဲဝိုင်းအဖွဲ့ကိုလာပြီး AEC အကြောင်း နားထောင်ချင်တယ်လို့ ဟောပြောခိုင်းရင် ကျွန်တော်တို့အဖွဲ့က သွားပြောပေးခဲ့ပါတယ်’’ ဟု ပါရမီစားပွဲဝိုင်းအဖွဲ့ဥက္ကဋ္ဌ ဦးတင်ချိုကပြောသည်။

အဆိုပါ အာဆီယံပြည်သူ့ ဂုဏ်ပြုဆုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ (၂၇)ကြိမ် မြောက်ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ချီး မြှင့်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဆု ရရှိခဲ့သော ပါရမီစားပွဲဝိုင်းအဖွဲ့ တည် ထောင်သည့် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စု အမှုဆောင် အရာရှိချုပ် ဦးပြည့်ဝထွန်းက ဆုကို တက်ရောက်လက်ခံရယူ ခဲ့သည်။

အဆိုပါအာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပါရမီစားပွဲဝိုင်း အဖွဲ့နှင့်အတူ စင် ကာပူနိုင်ငံမှ Polytechnic၊ ကမ္ဘောဒီးယားနိုင်ငံမှ Union of YouthFederations of Cambodia (UYFC) တို့လည်း ရရှိခဲ့သည်။

ပါရမီစားပွဲဝိုင်းအဖွဲ့သည် အာဆီယံအကြောင်း အများပြည် သူများအကြား ပိုမိုသိရှိနိုင်ရေးအ တွက်လည်းကောင်း၊ အာဆီယံ ထိပ်သီးစီးပွားရေးအသိုက် အဝန်း (AEC)အကောင်အထည် ပေါ်လာ သည့်အခါ မြန်မာပြည်သူများ အားလုံးပြင်ဆင်နိုင်ရန် အသုံးဝင်သော သတင်းအချက်အလက်များမျှဝေနိုင် ရန်လည်းကောင်း အဓိက ရည်ရွယ်ချက်ဖြင့် ၂၀၁၂ နှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်း ခဲ့သည့် Think Tank အဖွဲ့တစ်ခုဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List