Tuesday, December 01, 2015

မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေပါက အစိုးရသစ်နှင့်အခြေခံပြည်သူလူထုအတွက် အကျပ်အတည်းတွေ့နိုင်ဟုဆို


မြန်မာကျပ် ငွေတန်ဖိုးဆက်လက်ကျဆင်းနေပါ က အစိုးရသစ်နှင့်အခြေခံပြည်သူ လူထုအတွက် အကျပ်အတည်းတွေ့ နိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်စန်းလှိုင်က လွှတ် တော်အတွင်း ပြောကြားလိုက်သည်။ နိုဝင်ဘာ၃ဝရက်က ကျင်းပ သည့်ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်ဖြည့်စွက်ရန်ပုံငွေတောင်း ခံခြင်းအပေါ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်စန်းလှိုင်က ယင်းကဲ့ သို့ ဆွေးနွေးပြောကြားခြင်းဖြစ်သည်။
''ဗဟိုဘဏ်အနေနဲ့ မြန်မာ ကျပ်ငွေတန်ဖိုးမြင့်မားလာအောင် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ သို့ သော်လည်း ထုတ်ကုန်များများတင်ပို့နိုင်ခြင်းမရှိသော မြန်မာ့စီးပွား ရေးမှာ ကျပ်ငွေတန်ဖိုးပြန်လည်ဦး မော့လာအောင် ဗဟိုဘဏ်တစ်ခု တည်းကနေမဆောင်ရွက်နိုင်ပါ။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့်လာ မည့်ဒုတိယခြောက်လပတ်ကာလ အတွင်းသွင်းကုန်များကိုဒလဟော သွင်းနေပါက မြန်မာကျပ်ငွေတန် ဖိုးဟာ ဆက်လက်ကျဆင်းနေနိုင် ပြီးနောင်တက်လာမယ့် အစိုးရအသစ် အနေနဲ့ကော အခြေခံပြည်သူလူ ထုတွေအနေနဲ့ပါ အကျပ်အတည်းများတွေ့လာမှာဖြစ်ပါတယ်''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ် ခင်စန်းလှိုင်ကပြောသည်။

အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် နောက် ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ ကြမ်းကိုလွှတ်တော်ကိုယ်စားလှယ် များအနေဖြင့်စိစစ်လေ့လာရန်အချိန် မလုံလောက်ခြင်း၊ အလွယ်တကူခွင့် ပြုပေးပါက အလေအလွင့်၊ အယိုအ ဖိတ်များသည့် ငွေကြေးစီမံကိန်းစီမံခန့် ခွဲမှုများဖြစ်လာနိုင်ကြောင်း ဒေါ်ခင် စန်းလှိုင်က သုံးသပ်တင်ပြသည်။

''အထူးသတိပြု၍ စိစစ်သင့် တာများကတော့ အမြဲတမ်းအရှုံး ပေါ်နေတဲ့ စက်မှုဝန်ကြီးဌာနအောက် ကလုပ်ငန်းများ၊ ရထားပို့ဆောင် ရေးလုပ်ငန်းများ၊ မြန်မာ့စီးပွားရေး ဘဏ်စတဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။ ဘာကြောင့်ရှုံးတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်များလည်းချနိုင်မှာ ဖြစ် ပါတယ်''ဟု ယင်းက တင်ပြသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့်လည်း ပြည်တွင်းလှည့်လည် သုံးစွဲရန် အထိမ်းအမှတ်ဒင်္ဂါးများ ထုတ်လုပ်ခြင်းကြောင့် ဖြည့်စွက်ရန်ပုံငွေတိုးမြှင့်တောင်းခံခြင်းနှင့် မြန်မာ့ စီးပွားရေးဘဏ်အနေဖြင့် ဖြည့်စွက် ငွေတောင်းခံခဲ့မှုအပေါ် ဒေါ်ခင်စန်း လှိုင်က မေးခွန်းထုတ်ခဲ့သည်။

''ထိုကဲ့သို့ပြည်သူ့ဘဏ္ဍာရန် ပုံငွေကိုသုံးစွဲခြင်းဟာ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥပဒေနဲ့ညီညွတ်ခြင်း ရှိ၊ မရှိ ပြန်လည်သုံးသပ်ရန်လိုအပ် ပါတယ်။ထို့အပြင်ဗဟိုဘဏ်အနေ နဲ့ငွေဒင်္ဂါးတစ်သောင်းကို သွန်းလုပ် ပြီးမှ ဖြည့်စွက်ရန်ပုံငွေတောင်းခံခြင်း မှာဘတ်ဂျက်လုပ်ငန်းများဆောင် ရွက်တဲ့နေရာမှာအလေ့အကျင့်ကောင်း မဟုတ်ဘူးလို့ ယူဆရပါတယ်။ မြန်မာ့ စီးပွားရေးဘဏ်ကဲ့သို့လုပ်ငန်းများ မှာ ငွေစုအတိုးစရိတ်များအတွက် နိုင်ငံတော်က စိုက်ထုတ်ကျခံနေရ ခြင်းဟာ မသင့်လျော်တော့ကြောင်း အကြံပြုဆွေးနွေးလိုပါတယ်''ဟု ဒေါ် ခင်စန်းလှိုင်က ပြောသည်။

ယင်းကဆက်လက်ပြီး''ယခု ဖြည့် စွက်တောင်းခံမှုတွေဟာ သိက္ခာရှိတဲ့ အစိုးရတစ်ရပ်အဖြစ် အများလက်ခံ နိုင်ရန်အရေးကြီးသည့်အားလျော်စွာကျန်ရှိတဲ့သုံးလတာကာလမှာ ပြ သရမယ့် အစိုးရရဲ့နောက်ဆုံးအချိန် အခါနဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ ဖြည့် စွက်ခွင့်ပြုငွေများစိစစ်ခြင်း၊ ဖြတ် တောက်ခြင်းများကို လွှတ်တော်က ဆောင်ရွက်တဲ့နေရာမှာ တိုင်းပြည်အ နာဂတ်ကိုရှေးရှု၍ အမှန်စာရင်းများ နှင့်လက်တွေ့ကျတဲ့ကိန်းဂဏန်းများ ဖြစ်လာစေရန်စီမံခန့်ခွဲကြစေလို ပါတယ်''ဟု ပြောကြားခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် ဖြည့် စွက်ရန်ပုံငွေတောင်းခံခြင်းနှင့် ပတ် သက်ပြီးသက်ဆိုင်ရာပြည်ထောင်စု အဆင့်အဖွဲ့အစည်းများက ရှင်းလင်း ခြင်းကို ဒီဇင်ဘာ ၂ရက်တွင်ဆောင် ရွက်ရန်လျာထားကြောင်း လွှတ်တော် နာယကသူရဦးရွှေမန်းက ကြေညာ ထားသည်။

စီးပွားရေးပညာရှင်ဦးတင်သန်း ဦးက''လွှတ်တော်မှာပြန်ဆွေးနွေး ပေမယ့် မြန်မာကျပ်ငွေတန်ဖိုးက ဆက်ပြီးတော့ကျဆင်းနေတယ်။ ပြည်တွင်းရဲ့ ငွေကြေးဖောင်းပွတာတွေ၊ ဒေါ်လာဈေးမြင့်တက်တာတွေကို လူတိုင်းကတွက်ချက်လို့ရတယ်။ ပြ ဿနာက ထုက်ကုန်သွင်းကုန်သဘာဝ တွေကြောင့် ဒေါ်လာဈေးတွေမြင့် တက်ပြီး ကျပ်ငွေတန်ဖိုးတွေက ကျ ဆင်းနေတာလား။ မသမာတဲ့နည်း လမ်းတွေနဲ့ထိန်းချုပ်မှုတွေ အားနည်း ချက်တွေကြောင့် ဖြစ်နေတာလား ပေါ့။ ဗဟိုဘဏ်ကလည်း ငွေကြေးမူ ဝါဒပိုင်းဆိုင်ရာမှာအားနည်းတယ်။ငွေကြေးဈေးကွက်ကို သေချာမလေ့ လာဘဲနဲ့ဈေးနှုန်းသတ်မှတ်တယ်။ အရင်တုန်းက တရားဝင်ဈေးကွက် မဖွင့်ခင်တုန်းက ဈေးကဒီလောက် အထိမမြင့်ခဲ့ဘူး။ ဈေးကွက်ကို တရား ဝင်ဖွင့်လှစ်ပြီးနောက်ပိုင်းမှာ ဒေါ် လာဈေးက ဒီလောက်အထိမြင့်တက် ခဲ့တာ။ အစိုးရသစ်ပဲဖြစ်ဖြစ်၊ အစိုးရ အဟောင်းပဲဖြစ်ဖြစ် ငွေကြေးဖောင်း ပွမှုဒဏ်၊ ဒေါ်လာဈေးမြင့်တက်တဲ့ ဒဏ်ကိုခံရမှာပဲ။ အဲဒါကိုနည်းမှန်လမ်း မှန်နဲ့အဖြေရှာရမယ်။ နောက်တစ်ခု ကတော့ မြန်မာပြည်ရဲ့Basic-Economy ပေါ့။ မြန်မာပြည်ရဲ့အခြေခံ စီးပွားရေးကို ပြန်လည်သုံးသပ်ဖို့လို တယ်။ Export တွေကို ပြန်လည်သုံး သပ်ရမယ်။ ထုတ်ကုန်တွေကိုမြှင့်တင် ဖို့လိုတယ်။ အဓိကတော့ Basic-Economy ကို ပြန်လည်ဆန်းစစ်နိုင်ဖို့ လိုတယ်''ဟု ပြောသည်။

YM




No comments:

Post a Comment

My Blog List