Friday, December 04, 2015

အာဏာနှင့်နီးကပ်လာပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်


ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရပြီး တစ်လအကြာ စစ်တပ်အကြီးအကဲနဲ့ ပထမဆုံးတွေ့ ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာနဲ့ တဖြည်းဖြည်းနီးကပ်လာပါပြီ။ ဒီတွေ့ဆုံပွဲဟာ တပ်မတော်အနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီဆေးခါးကြီး ကို မျိုချပြီး နှစ်ပေါင်း ၇၀အကြာ ရွေးကောက်ပွဲရလဒ်အတိုင်း ငြိမ်းငြိမ်း ချမ်းချမ်းအာဏာလွှဲပြောင်းပေးဖို့ ပထမဆုံးအကြိမ် ဆုံးဖြတ်လိုက်ပြီ ဆိုတာကို ညွှန်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက် ပွဲမှာ တောင်ပြိုကမ်းပြို တစ်နိုင်ငံ လုံးအတိုင်း အတာနဲ့ အနိုင်ရပြီး နောက် တစ်လခန့်အကြာမှာ တော့ တောက်ပပြုံးရယ် နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ ရဲ့အင်အားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပထမ ဆုံးမျက်နှာချင်းဆိုင် တစ်ယောက်ချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ပါပြီ။

၂၀၁၁ ကစပြီး အာဏာရှင် ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့နေရာကို လွှဲပြောင်းရယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဌာနချုပ် အပြင်မှာ အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌကို ထွက် ကြိုဆိုတဲ့အချိန်မှာ အားပါးတရ ပြုံးနေ ခဲ့ပြီး အစည်းအဝေးလုပ် မယ့်အခန်းထဲကို ကိုယ်တိုင်ကိုယ်ကျ အတူတွဲဖိတ် ခေါ် လိုက်ပါဝင် ရောက်သွားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အပြင်အထိလိုက်ပါပို့ဆောင် နှုတ်ဆက် မှုမပြုခင်မှာ နှစ်ဦးသား တစ်နာရီထက်မနည်း သီးသန့်စကားပြော ဆိုခဲ့ကြပါတယ်။ အစည်းအဝေး ပြီးနောက် ထုတ်ပြန်တဲ့ ဓာတ်ပုံ နှစ်ပုံပါ တိုတောင်းတဲ့ ကြေညာချက်မှာတော့ ‘‘ပြည်သူလူထု၏ ဆန္ဒကို အလေးထား ၍ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စည်းလုံးညီညွတ်ရေး နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ကြရန် သဘောတူညီ ခဲ့ကြပါသည်’’လို့ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံမှုမတိုင်ခင် မနက် ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ ၄၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါ သေးတယ်။ ဦးသိန်းစိန်ဟာ ၂၀၁၁ မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စတင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဖြစ်ပြီး ဒီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ NLDပါဝင်ယှဉ်ပြိုင်ဖို့ ဖြစ်လာစေခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ NLD အနိုင်ရတဲ့ လွှတ်တော်နေရာအရေအတွက်ရဲ့ ဆယ်ပုံတစ်ပုံသာသာ လောက်ကိုသာ ဦးသိန်းစိန် ဦးဆောင်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က အနိုင်ရခဲ့ပြီး စုစုပေါင်းမဲရဲ့ ၆ ဒသမ ၄ ရာခိုင်နှုန်းလောက်ပဲ ရခဲ့တာပါ။

အခုလို တခမ်းတနားကိန်း ကြီးခန်းကြီးနိုင်လှတဲ့ တွေ့ဆုံဆွေးနွေးမှုနှစ်ခုဟာ တပ်မတော်နဲ့ သူ့ရဲ့နိုင်ငံရေးကိုယ်ပွားတို့ဟာ သူတို့ရဲ့ ဒီမိုကရေစီဆေးခါး ကိုမျိုချပြီး ရွေးကောက်ပွဲရလဒ်အတိုင်း ငြိမ်း ချမ်းတဲ့အာဏာလွှဲပြောင်းမှုကို ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာကို ညွှန်ပြပါတယ်။ ဒီလိုငြိမ်းငြိမ်းချမ်း ချမ်း အာဏာလွှဲပြောင်းတာဟာ မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၇၀ သမိုင်းမှာတော့ ပထမဆုံးဖြစ်လာပါလိမ့် မယ်။

သမ္မတနဲ့အတူ အစည်းအဝေးတက်ရောက်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့

‘‘နောင်ပေါ်ပေါက်လာမယ့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ဖို့၊ ပြည်သူ တွေ စိုးရိမ်ပူပန်မှုမရှိဖို့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စ တွေကို ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးခဲ့ပါတယ်’’လို့ သတင်းထောက် တွေကို ပြောပါတယ်။

ဆက်ပြီး သူက ‘‘နိုင်ငံဒီမိုက ရေစီအသွင်ကူးပြောင်းတဲ့အခါမှာ အရင်တုန်းက အစဉ်အလာမရှိခဲ့ သေးတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်ကို စနစ်တကျလွှဲပြောင်း ထူထောင်ပေးဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်’’လို့ ပြောပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီထိပ်သီးနှစ်ဦးနဲ့ တွေ့ဆုံဖို့အတွက် သူ့ပါတီ အောင်ပွဲခံနေ ကြောင်း ထင်ရှားနေပြီဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်ကတည်းက တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ ဒီဇင်ဘာ ၂ ရက် တနင်္လာနေ့ကျမှသာတွေ့ဆုံ ခွင့် သဘောတူပေးခဲ့ကြ တာ ဖြစ်ပါတယ်။

ကြည့်ရသလောက် အာဏာ လွှဲပြောင်းရေးဆီ စိတ်မပါသလို ဖြစ်နေတဲ့ အခြေအနေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လိုအပ်ချက်ကို ရောင်ပြန် ဟပ်နေတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီလိုအပ်ချက်ကို ‘‘အဓိပ္ပာယ် မရှိတဲ့အရာ’’လို့ ပြောဆိုပြီး အဲဒီ လိုအပ်ချက်က ဘာလဲဆိုတော့ လက်ရှိအစိုးရကို မေလနှောင်း ပိုင်းအထိ ရုံးဆက်ထိုင်နေစေပြီး အဲဒီအချိန်မှာ လွှတ်တော်သစ်က သမ္မတသစ်ကို ရွေးချယ်ပြီး အုပ် ချုပ်ရေးအာဏာ ခန့်အပ်တာဝန် ပေးတာတွေ လုပ်ရတော့မှာပါ။

ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ‘အဓိပ္ပာယ်မရှိမှု’ဟာ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ပြဿ နာတွေထဲက တစ်ခုဖြစ်ပြီးသူ လွှတ်တော်ကိုယ်စားလှယ် ဖြစ် လာကတည်းကစလို့ အဲဒါကို အ ဆောတလျင်ပြင်ဆင်လိုကြောင်း လည်း ရှင်းရှင်းလင်းလင်း ပြော ထားပြီးသားဖြစ်ပါတယ်။ တခြား ကိစ္စရပ်တွေထဲ မှာတော့ လွှတ် တော်ရဲ့ လေးပုံတစ်ပုံကို ရွေး ကောက်ခံမဟုတ်တဲ့ တပ်မတော် သားတွေ၊ စစ်ယူနီဖောင်းနဲ့ လွှတ် တော်တက်သူတွေကို နေရာပေး ထားရတာ၊ ပြည်ထဲရေးနဲ့ကာ ကွယ်ရေးအပါအဝင် အဓိကျတဲ့ ဝန်ကြီးဌာနတွေကို တပ်မတော် က ချုပ်ကိုင်ထားတာ တိုင်းတစ် ပါးရဲ့ နိုင်ငံသားဖြစ်နေတဲ့ (နိုင်ငံ ခြားပတ်စပို့တွေ ကိုင်ဆောင်ထား တဲ့)ခင်ပွန်း (သို့မဟုတ်) သား သမီးရှိသူကို သမ္မတဖြစ်ခွင့်ပိတ် ပင်ထားတာ အစရှိတဲ့ ပြဿနာ ရပ်တွေ ပါဝင်နေပါတယ်။

ဒါကြောင့်ပဲ ဗြိတိသျှသား တစ်ပိုင်းဖြစ်နေတဲ့ သားနှစ်ယောက်ရှိသူ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မပေးဘဲ တားမြစ် ထားပါတယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ရုံးမှာ သူ့ညွှန်ကြားချက်တွေ အတိုင်း ဆောင်ရွက်မယ့် ပုဂ္ဂိုလ်ကျော်တစ်ဦးနဲ့အတူ သူဟာသမ္မတရဲ့ အထက်ကနေ အုပ်ချုပ် ခြင်းအားဖြင့် ဒီပြဿနာကို ကိုင်တွယ်မယ်လို့ ကြံဆထားပါတယ်။ အဲဒီသမ္မတက ဘယ်သူဖြစ်မလဲဆိုတာကို ဆုံးဖြတ်ထား ပြီးပုံ ပြော ကြားပေမယ့် ဘယ်သူဘယ်ဝါဆို တာကတော့ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပါ။ ထင်ကြေးပေးမှန်း ဆချက်တွေကတော့ ကျယ်ကျယ် ပြန့်ပြန့်ကို ပျံ့နှံ့နေပါတယ်။

(The Independent သတင်းစာ ပါ Peter Popham ၏ ဆောင်းပါး ကို ငြိမ်းငြိမ်းပြည့် ဘာသာပြန်ဆို သည်။)

7Day News Journal

No comments:

Post a Comment

My Blog List